Thursday, May 7, 2020

ရှမ်းပြည်နယ်တွင် နှာခေါင်းစည်းတပ်ရန် ပညာပေးလှုပ်ရှားမှု လူ ၁,၀၀၀ ကျော်ပါဝင် လူစုလူဝေးဖြစ်သွား၍ ပြည်နယ်အစိုးရအဖွဲ့ ပြန်လည်တောင်းပန်

Image may contain: one or more people, people standing, crowd and outdoor
ရှမ်းပြည်နယ်အစိုးရက ဦးဆောင်ပြုလုပ်သည့် ပြည်သူများ နှာခေါင်းစည်းတပ်ကြရန် အသိပညာပေးလှုပ်ရှားမှုတွင် လူဦးရေ ၁,၀၀၀ ကျော်ပါဝင်၍ လူစုလူဝေးဖြစ်ပွားခဲ့သဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြန်လည် တောင်းပန်ခဲ့ကြောင်း သိရသည်။
ယမန်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ မြို့ပေါင်း၂၀ ကျော်တွင် နှာခေါင်းစည်းတပ်ကြရန် လှုပ်ရှားမှုအစီအစဉ်ကို တစ်ပြိုင်နက်တည်း ပြုလုပ်ကာ နှာခေါင်းစည်းဖြန့်ဝေခြင်း COVID-19 အသိပညာပေးစာစောင် ဖြန့်ဝေခြင်းတို့ကို ပြည်နယ်အစိုးရ အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ရာ တောင်ကြီးမြို့ မီးပုံးပျံကွင်းရှေ့ရှိ လမ်းမပေါ်တွင် ပြုလုပ်သည့် အသိပညာပေး လှုပ်ရှားမှုတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ ဌာနဆိုင် ရာများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ပြီး လူဦးရေ ၁,၀၀၀ ကျော် လူစုလူဝေးကဲ့သို့ ဖြစ်ပွားခဲ့သည်။

နှာခေါင်းစည်းတပ်ရန် အသိပညာပေးသည့် လှုပ်ရှားမှုကို မေလ ၆ ရက်တွင် လုပ်ဆောင် ရန် စီစဉ်သော်လည်း ကဆုန်လ ပြည့်နေ့တွင် ကျရောက်သဖြင့် မေလ ၇ ရက်တွင် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ယခင်လှုပ်ရှားမှုများတွင် ယခုကဲ့သို့ အသိမပေးဘဲ လွှတ်တော်ကိုယ်စားလှယ်များနှင့်ပူး ပေါင်းကာ ယာယီဈေးများသို့ သွားရောက်ကာ နှာခေါင်းစည်းတပ်ရန် အသိပညာပေးခြင်း နှာခေါင်းစည်းများ ဝေခြင်းကို ပြုလုပ်ခဲ့ ကြောင်း ၎င်းက ရှင်းပြသည်။

နှာခေါင်းစည်းတပ်ရန် အသိပညာပေးလှုပ်ရှားမှုတွင် ပါဝင်သူ များကို ယခု လုပ်ဆောင်မှုသည် စေတနာဖြင့် ဆောင်ရွက်နေသော်လည်း လူစုလူဝေးဖြစ်အောင် လုပ်ဆောင်သလို ဖြစ်သွားပါက စေတနာသည် ဝေဒနာဖြစ်သွားနိုင် သောကြောင့် တစ်ဦးနှင့်တစ်ဦး အကွာအဝေးတစ်ခုအထိ နေကြရန် မိုက်ကရိုဖုန်း အော်လန်များ ဖြင့် ဆော်ဩခဲ့သော်လည်း အခမ်းအနားချိန်တွင် အုပ်စုခွဲရန် ခက် သွားပြီး လူစုလူဝေးကဲ့သို့ ဖြစ်ခဲ့ သည်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် လာမည့်ပတ် တွင် ပြုလုပ်မည့် နှာခေါင်းစည်းတပ်ရန် အသိပညာပေးလှုပ်ရှားမှု တွင် အခမ်းအနားများဖြင့် ကျင်းပ မည်မဟုတ်ဘဲ လူစုလူဝေးမဖြစ် ရန် စနစ်တကျဖြင့် အကောင်းဆုံး စီမံဆောင်ရွက်မည်ဟု ၎င်းက ဆို သည်။
Source: 7 Day News Journal #Myanmar_Online_News

>>zawgyi<<

ရှမ်းပြည်နယ်တွင် နှာခေါင်းစည်းတပ်ရန် ပညာပေးလှုပ်ရှားမှု လူ ၁,၀၀၀ ကျော်ပါဝင် လူစုလူဝေးဖြစ်သွား၍ ပြည်နယ်အစိုးရအဖွဲ့ ပြန်လည်တောင်းပန်
Friday, May 8, 2020

0 comments:

Post a Comment