Thursday, May 7, 2020

အမေရိကန်မှာ နိုင်ငံ့စီးပွါးရေး အခြေနေက ဆိုးနေဆဲမို့ အလုပ်လက်မဲ့လျှောက်ထားသူ ၃၃ သန်းကျော် ရှိနေ


Image may contain: one or more people, people standing, shoes and outdoor
အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူ အရေအတွက်ဟာ ပြီးခဲ့တဲ့အပတ်ထဲမှာ လျော့ကျသွားခဲ့ပေမယ့် အခုအချိန်အထိ နိုင်ငံ့စီးပွါးရေး အခြေနေက ဆက်ပြီး ဆိုးနေဆဲမို့ အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားမယ့် သူ နောက်ထပ် ၃.၂ သန်းလောက် ရှိနေပါတယ်။
မတ်လလယ် လောက်ကတည်းက စက်ရုံတွေ၊ စျေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ရုံးတွေ အပါအဝင် လုပ်ငန်းခွင်တွေကို ပိတ်ခဲ့တဲ့နောက် အဲဒီက အလုပ်သမားတွေ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားခဲ့ကြတဲ့ အတွက် အခုဆို လျှောက်ထားသူပေါင်း ၃၃ သန်းခွဲ ရှိနေပြီလို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ အလုပ်သမား ၅ ယောက်မှာ တယောက် လောက်က ခံစားခွင့် လျှောက်ခဲ့တာ ဖြစ်ပါတယ်။

အရင်က အခုလို ခံစားခွင့် လျှောက်ထားရင် သူတို့ မူလက ရတဲ့ လစာထက် နည်းနည်း နဲလေ့ရှိပေမယ့် အခု ကပ်ရောဂါ ဖြစ်နေချိန် မှာတော့ အစိုးရက တပတ်ကို ဒေါ်လာ ၆၀၀ နဲ့ ၄ လ ထပ်ဆောင်း ပေးမှာ ဖြစ်ပါတယ်။

အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားမှုဟာ မတ်လကုန်လောက်မှာ အများဆုံး ဖြစ်ပြီး အဲဒီအချိန်က အလုပ်သမား ၇ သန်းနီးပါး လျှောက်ထားခဲ့တာပါ။ နောက်ပိုင်း သီတင်းပတ်တွေမှာ တော့ ခံစားခွင့် လျှောက်ထားသူ ဦးရေ တဖြေးဖြေး လျော့ကျလာ နေပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံမှာ စီးပွါးရေး ကပ်ဆိုက်ခဲ့ချိန်တွေနဲ့ ယှဉ်ရင်တော့ အများကြီး ဆိုးနေဆဲ ဖြစ်ပါတယ်။

>>zawgyi<<

အမေရိကန်မှာ နိုင်ငံ့စီးပွါးရေး အခြေနေက ဆိုးနေဆဲမို့ အလုပ်လက်မဲ့လျှောက်ထားသူ ၃၃ သန်းကျော် ရှိနေ
Friday, May 8, 2020

အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူ အရေအတွက်ဟာ ပြီးခဲ့တဲ့အပတ်ထဲမှာ လျော့ကျသွားခဲ့ပေမယ့် အခုအချိန်အထိ နိုင်ငံ့စီးပွါးရေး အခြေနေက ဆက်ပြီး ဆိုးနေဆဲမို့ အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားမယ့် သူ နောက်ထပ် ၃.၂ သန်းလောက် ရှိနေပါတယ်။

မတ်လလယ် လောက်ကတည်းက စက်ရုံတွေ၊ စျေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ရုံးတွေ အပါအဝင် လုပ်ငန်းခွင်တွေကို ပိတ်ခဲ့တဲ့နောက် အဲဒီက အလုပ်သမားတွေ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားခဲ့ကြတဲ့ အတွက် အခုဆို လျှောက်ထားသူပေါင်း ၃၃ သန်းခွဲ ရှိနေပြီလို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ အလုပ်သမား ၅ ယောက်မှာ တယောက် လောက်က ခံစားခွင့် လျှောက်ခဲ့တာ ဖြစ်ပါတယ်။

အရင်က အခုလို ခံစားခွင့် လျှောက်ထားရင် သူတို့ မူလက ရတဲ့ လစာထက် နည်းနည်း နဲလေ့ရှိပေမယ့် အခု ကပ်ရောဂါ ဖြစ်နေချိန် မှာတော့ အစိုးရက တပတ်ကို ဒေါ်လာ ၆၀၀ နဲ့ ၄ လ ထပ်ဆောင်း ပေးမှာ ဖြစ်ပါတယ်။

အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားမှုဟာ မတ်လကုန်လောက်မှာ အများဆုံး ဖြစ်ပြီး အဲဒီအချိန်က အလုပ်သမား ၇ သန်းနီးပါး လျှောက်ထားခဲ့တာပါ။ နောက်ပိုင်း သီတင်းပတ်တွေမှာ တော့ ခံစားခွင့် လျှောက်ထားသူ ဦးရေ တဖြေးဖြေး လျော့ကျလာ နေပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံမှာ စီးပွါးရေး ကပ်ဆိုက်ခဲ့ချိန်တွေနဲ့ ယှဉ်ရင်တော့ အများကြီး ဆိုးနေဆဲ ဖြစ်ပါတယ်။

0 comments:

Post a Comment