Friday, May 15, 2020

၂၀၂၁ ခုနှစ်မှ ဂျပန်ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တုငယ်ကို လွှတ်တင်မည်

No photo description available.

မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံပိုင်ဂြိုဟ်တုကို ၂၀၂၁ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ နည်းပညာကိုအသုံးပြုပြီး လွှတ်တင်သွားဖို့ရှိနေကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံ ဟော်ကိုင်းဒိုးတက္ကသိုလ်နဲ့ တိုဟိုကူတက္ကသိုလ်က အင်ဂျင်နီယာနဲ့ သုတေသနပညာရှင်တွေဟာ မြန်မာနိုင်ငံက အင်ဂျင်နီယာနဲ့ ပူးပေါင်းပြီး ကမ္ဘာမြေကနေ အာကာသထဲကို လွှတ်တင်နိုင်မယ့် ဂြိုဟ်တုသေးလေးတစ်လုံး တည်ဆောက်ရာနေကြောင်း သိရပါတယ်။
ဒီဂြိုဟ်တုငယ်ဟာ ကမ္ဘာမြေလေ့လာရေးဂြိုလ်တုငယ်တစ်လုံးဖြစ််ပြီး စိုက်ပျိုးရေးထုတ်ကုန်တွေတိုးမြှင့်ထုတ်လုပ်နိုင်ဖို့ အထောက်အကူအမျာကြီးပြုနိုင်သလို သဘာဝဘေးအန္တရာယ်တွေကျရောက်လာရင် ပျက်စီးဆုံးရှုံးမှုနည်းနိုင်အောင်နဲ့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆိုင်ရာ စောင့်ကြည့်လေ့လာရေးလုပ်ငန်းတွေအတွက် အကူအညီအများကြီးဖြစ်နိုင်ကြောင်း ‌ဟော်ကိုင်းဒိုးတက္ကသိုလ်က အာကာသခရီးစဉ်စင်တာညွှန်ကြားရေးမှူး ပါမောက္ခ Yukihiro Takahashi က Nikkei သတင်းဌာနကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့လေကြောင်းတက္ကသိုလ်က ဘွဲ့ရ အင်ဂျင်နီယာကျောင်းသားတွေက ဂျပန်နိုင်ငံကိုလာရောက်ပြီး ဂြိုဟ်တုငယ်တည်ဆောက်ရေးလုပ်ငန်းတွေကို အတူပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၎င်းက ဆက်လက်ပြောကြားကြောင်းသိရပါတယ်။
ဒီစီမံကိန်းရဲ့နောက်ဆက်တွဲအဖြစ် မြန်မာအင်ဂျင်နီယာကျောင်းသားတွေဟာ နောက်ထပ်ငါးနှစ်အတွင်းမှာ ဂြိုဟ်တုနောက်ထပ်နှစ်လုံးကို တည်ဆောက်သွားမှာဖြစ်ကြောင်းနဲ့ ကမ္ဘာမြေကနေ အာကာသထဲကို မြန်မာကျောင်းသားတွေကိုယ်တိုင် ထပ်မံတင်လွှတ်သွားမယ့် စီမံကိန်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီဂြိုဟ်တုတွေ လေ့လာစောင့်ကြည့်ရေးနဲ့ ဆက်လက်လည်ပတ်ရေး၊ အချက်အလက်ကောက်ယူရေးတို့ကို မြန်မာအင်ဂျင်နီယာကျောင်းသားတွေကပဲ ဆောင်ရွက်သွားနိုင်ရေး နည်းပညာသင်ကြားပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီစီမံကိန်းအတွက် ဂျပန်ယန်း ၁ ဒသမ ၇ ဘီလျံ( ကန်ဒေါ်လာ ၁၆ သန်းလောက်) ကုန်ကျမှာဖြစ်ပြီး ဂြိုဟ်တုတည်ဆောက်ရေးနဲ့ လွှတ်တင်ရေးစရိတ်အားလုံးကို မြန်မာအစိုးရက ကုန်ကျခံထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဂြိုဟ်တုတည်ဆောက်ရေးအတွက် မြန်မာကျောင်းသား ၇ ယောက်ဟာ ပြီးခဲ့တဲ့ မတ်လကတည်း ဂျပန်နိုင်ငံကို လာရောက်ဖို့ လျာထားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် လေယာဉ်ခရီးစဉ်တွေရပ်ဆိုင်းထားတဲ့အတွက် နောက်ကျနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒီစီမံကိန်းအတွက် ပြင်ဆင်ရေးလုပ်ငန်းတွေအားလုံးဆောင်ရွက်ထားပြီးဖြစ်ကြောင်းနဲ့ မြန်မာကျောင်းသားတွေရောက်ရှိလာမယ်ဆိုရင် အဆင်သင့်စတင်ဆောင်ရွက်နိုင်ပြီဖြစ်တယ်လို့ Takahashi က ပြောကြားခဲ့ပါတယ်။
၂၀၁၉ သြဂုတ်လတုန်းကလည်း မြန်မာနိုင်ငံက တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အသုံးပြုခွင့်ပြုရှိတဲ့ Intelsat 39 အမည်ရှိ ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို ပြင်သစ်ဂီနီယာကတစ်ဆင့် လွှတ်တင်ခဲ့ကြောင်းနဲ့ အဲ့ဒီဂြိုဟ်တုဟာ မြန်မာနိုင်ငံက တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အသုံးပြုနိုင်ခဲ့တဲ့ ပထမဆုံး ဂြိုဟ်တုဖြစ်တယ်လို့ သိရပါတယ်။
ဟော်ကိုင်းဒိုးတက္ကသိုလ်နဲ့ တိုဟိုကူတက္ကသိုလ်တို့ဟာ ဂြိုဟ်တုသေးနှစ်လုံးအတွက် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်‌တွေ ဆောင်ရွက်ဖို့ ကူညီပေးမှာဖြစ်သလို မြန်မာကျောင်းသားတွေကိုလည်း နည်းပညာသင်ကြားပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဂြိုဟ်တုတွေဟာ တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ သီးနှံတွေအောင်မြင်မှုရှိ၊ မရှိ အလွယ်တကူ သိရှိနိုင်မှာဖြစ်သလို ပိုးကျမှုနဲ့ အခြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုတွေကိုလည်း တိုင်းတာသိရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ ယခုနှစ်များအတွင်းမှာ အာကာသလေ့လာရေးနဲ့ ဂြိုဟ်တုနည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အားသွန်ခွန်စိုက်လုပ်ကိုင်နေကြသလိုပဲ မြန်မာအစိုးရဟာလည်း ဒေသတွင်းတိုင်းပြည်တွေကို အမှီလိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ဂြိုဟ်တုကြီးတစ်လုံးဟာ ကန်ဒေါ်လာ သန်းရာပေါင်းများစွာကို ကုန်ကျစေနိုင်ပေမယ့် မြန်မာက အခုတည်ဆောက်နေတဲ့ ဂြိုဟ်တုငယ်တွေဟာ ဂြိုဟ်တုကြီးတွေကုန်ကျစရိတ်အောက် အဆရာနဲ့ချီသက်သာတဲ့အပြင် ဂြိုဟ်တုတစ်လုံးကုန်ကျစရိတ်ဟာ ကန်ဒေါ်လာ ၃ သန်းကနေ ၅ သန်းကြားသာရှိတဲ့အတွက် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုဖြစ်တယ်လို့ ဆိုပါတယ်။
Image may contain: one or more people
Image may contain: one or more people and indoor
crd-MyanmarHarpMedia #Myanmar_Online_News

>>zawgyi<<
၂၀၂၁ ခုနှစ်မှ ဂျပန်ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တုငယ်ကို လွှတ်တင်မည်
Friday, May 15, 2020

မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံပိုင်ဂြိုဟ်တုကို ၂၀၂၁ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ နည်းပညာကိုအသုံးပြုပြီး လွှတ်တင်သွားဖို့ရှိနေကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံ ဟော်ကိုင်းဒိုးတက္ကသိုလ်နဲ့ တိုဟိုကူတက္ကသိုလ်က အင်ဂျင်နီယာနဲ့ သုတေသနပညာရှင်တွေဟာ မြန်မာနိုင်ငံက အင်ဂျင်နီယာနဲ့ ပူးပေါင်းပြီး ကမ္ဘာမြေကနေ အာကာသထဲကို လွှတ်တင်နိုင်မယ့် ဂြိုဟ်တုသေးလေးတစ်လုံး တည်ဆောက်ရာနေကြောင်း သိရပါတယ်။
ဒီဂြိုဟ်တုငယ်ဟာ ကမ္ဘာမြေလေ့လာရေးဂြိုလ်တုငယ်တစ်လုံးဖြစ်ပြီး စိုက်ပျိုးရေးထုတ်ကုန်တွေတိုးမြှင့်ထုတ်လုပ်နိုင်ဖို့ အထောက်အကူအမျာကြီးပြုနိုင်သလို သဘာဝဘေးအန္တရာယ်တွေကျရောက်လာရင် ပျက်စီးဆုံးရှုံးမှုနည်းနိုင်အောင်နဲ့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆိုင်ရာ စောင့်ကြည့်လေ့လာရေးလုပ်ငန်းတွေအတွက် အကူအညီအများကြီးဖြစ်နိုင်ကြောင်း ‌ဟော်ကိုင်းဒိုးတက္ကသိုလ်က အာကာသခရီးစဉ်စင်တာညွှန်ကြားရေးမှူး ပါမောက္ခ Yukihiro Takahashi က Nikkei သတင်းဌာနကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့လေကြောင်းတက္ကသိုလ်က ဘွဲ့ရ အင်ဂျင်နီယာကျောင်းသားတွေက ဂျပန်နိုင်ငံကိုလာရောက်ပြီး ဂြိုဟ်တုငယ်တည်ဆောက်ရေးလုပ်ငန်းတွေကို အတူပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၎င်းက ဆက်လက်ပြောကြားကြောင်းသိရပါတယ်။
ဒီစီမံကိန်းရဲ့နောက်ဆက်တွဲအဖြစ် မြန်မာအင်ဂျင်နီယာကျောင်းသားတွေဟာ နောက်ထပ်ငါးနှစ်အတွင်းမှာ ဂြိုဟ်တုနောက်ထပ်နှစ်လုံးကို တည်ဆောက်သွားမှာဖြစ်ကြောင်းနဲ့ ကမ္ဘာမြေကနေ အာကာသထဲကို မြန်မာကျောင်းသားတွေကိုယ်တိုင် ထပ်မံတင်လွှတ်သွားမယ့် စီမံကိန်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီဂြိုဟ်တုတွေ လေ့လာစောင့်ကြည့်ရေးနဲ့ ဆက်လက်လည်ပတ်ရေး၊ အချက်အလက်ကောက်ယူရေးတို့ကို မြန်မာအင်ဂျင်နီယာကျောင်းသားတွေကပဲ ဆောင်ရွက်သွားနိုင်ရေး နည်းပညာသင်ကြားပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီစီမံကိန်းအတွက် ဂျပန်ယန်း ၁ ဒသမ ၇ ဘီလျံ( ကန်ဒေါ်လာ ၁၆ သန်းလောက်) ကုန်ကျမှာဖြစ်ပြီး ဂြိုဟ်တုတည်ဆောက်ရေးနဲ့ လွှတ်တင်ရေးစရိတ်အားလုံးကို မြန်မာအစိုးရက ကုန်ကျခံထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဂြိုဟ်တုတည်ဆောက်ရေးအတွက် မြန်မာကျောင်းသား ၇ ယောက်ဟာ ပြီးခဲ့တဲ့ မတ်လကတည်း ဂျပန်နိုင်ငံကို လာရောက်ဖို့ လျာထားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် လေယာဉ်ခရီးစဉ်တွေရပ်ဆိုင်းထားတဲ့အတွက် နောက်ကျနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒီစီမံကိန်းအတွက် ပြင်ဆင်ရေးလုပ်ငန်းတွေအားလုံးဆောင်ရွက်ထားပြီးဖြစ်ကြောင်းနဲ့ မြန်မာကျောင်းသားတွေရောက်ရှိလာမယ်ဆိုရင် အဆင်သင့်စတင်ဆောင်ရွက်နိုင်ပြီဖြစ်တယ်လို့ Takahashi က ပြောကြားခဲ့ပါတယ်။
၂၀၁၉ သြဂုတ်လတုန်းကလည်း မြန်မာနိုင်ငံက တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အသုံးပြုခွင့်ပြုရှိတဲ့ Intelsat 39 အမည်ရှိ ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို ပြင်သစ်ဂီနီယာကတစ်ဆင့် လွှတ်တင်ခဲ့ကြောင်းနဲ့ အဲ့ဒီဂြိုဟ်တုဟာ မြန်မာနိုင်ငံက တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အသုံးပြုနိုင်ခဲ့တဲ့ ပထမဆုံး ဂြိုဟ်တုဖြစ်တယ်လို့ သိရပါတယ်။
ဟော်ကိုင်းဒိုးတက္ကသိုလ်နဲ့ တိုဟိုကူတက္ကသိုလ်တို့ဟာ ဂြိုဟ်တုသေးနှစ်လုံးအတွက် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်‌တွေ ဆောင်ရွက်ဖို့ ကူညီပေးမှာဖြစ်သလို မြန်မာကျောင်းသားတွေကိုလည်း နည်းပညာသင်ကြားပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဂြိုဟ်တုတွေဟာ တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ သီးနှံတွေအောင်မြင်မှုရှိ၊ မရှိ အလွယ်တကူ သိရှိနိုင်မှာဖြစ်သလို ပိုးကျမှုနဲ့ အခြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုတွေကိုလည်း တိုင်းတာသိရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ဟာ ယခုနှစ်များအတွင်းမှာ အာကာသလေ့လာရေးနဲ့ ဂြိုဟ်တုနည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အားသွန်ခွန်စိုက်လုပ်ကိုင်နေကြသလိုပဲ မြန်မာအစိုးရဟာလည်း ဒေသတွင်းတိုင်းပြည်တွေကို အမှီလိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ဂြိုဟ်တုကြီးတစ်လုံးဟာ ကန်ဒေါ်လာ သန်းရာပေါင်းများစွာကို ကုန်ကျစေနိုင်ပေမယ့် မြန်မာက အခုတည်ဆောက်နေတဲ့ ဂြိုဟ်တုငယ်တွေဟာ ဂြိုဟ်တုကြီးတွေကုန်ကျစရိတ်အောက် အဆရာနဲ့ချီသက်သာတဲ့အပြင် ဂြိုဟ်တုတစ်လုံးကုန်ကျစရိတ်ဟာ ကန်ဒေါ်လာ ၃ သန်းကနေ ၅ သန်းကြားသာရှိတဲ့အတွက် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုဖြစ်တယ်လို့ ဆိုပါတယ်။
crd-MyanmarHarpMedia #Myanmar_Online_News

0 comments:

Post a Comment