Sunday, May 10, 2020

လိုင်စင်မဲ့ လူနာတင်ယာဉ်များကို တရားဝင်မှတ်ပုံတင်ခွင့်ပြုရန် စာရင်းကောက်ယူနေဟုဆို

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လိုင်စင်မဲ့လူနာတင် ယာဉ်များကို တရားဝင်မှတ်ပုံတင်ခွင့်ပြုရန်အတွက် စာရင်းကောက်ယူနေကြောင်း သိရသည်။

အဆိုပါ လိုင်စင်မဲ့လူနာတင်ယာဉ်များမှာ တရားဝင်မှတ်ပုံတင်ထားသော လူမှုရေးအဖွဲ့အစည်းများတွင် အသုံးပြုနေသည့်ယာဉ်များဖြစ်ကြောင်း၊ယင်းကြောင့်မေလပထမအပတ်က စတင်၍ မြို့နယ်အလိုက် စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
Ref ; Pyi Myanmar

0 comments:

Post a Comment