Tuesday, May 12, 2020

ကန့်ကွက်မှုများရှိသော်လည်း လာအိုနိုင်ငံသည် ဆဌမမြောက်မဲခေါင်မြစ် ဆည်စီမံကိန်းကို ရှေ့ဆက်ရန် တွန်းအားပေး လုပ်ဆောင်

Image may contain: mountain, sky, outdoor, nature and water

လာအိုနိုင်ငံသည် ယခုနှစ်နှောင်းပိုင်းတွင် မဲခေါင်မြစ်ပေါ်၌ ရေအားလျှပ်စစ်ဆည် အသစ်တစ်ခုတည်ဆောက်ရန်စီစဉ်ထားကြောင်း မေလ ၁၁ ရက်နေ့တွင် မဲခေါင်မြစ် ကော်မရှင် MRC မှ ပြောကြားခဲ့ပါသည်။

ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၂.၀၇၃ ဘီလီယံကုန်ကျမည့် Sanakham ရေအားလျှပ်စစ်စက်ရုံကို တရုတ်နိုင်ငံ၏ Datang International Power Generation လက်အောက်ခံ Datang Sanakham ရေအားလျှပ်စစ်ကုမ္ပဏီမှ တည်ဆောက်သွား မည်ဖြစ်ကြောင်းကို MRC မှ ပြောကြားခဲ့ပါသည်။
လာအိုနိုင်ငံ၏ရေအားလျှပ်စစ်ဖွံ့ဖြိုးတိုးတက်ရေးမှာ ၂၀၃၀ ခုနှစ်တွင် အိမ်နီးချင်းနိုင်ငံများသို့ လျှပ်စစ်ဓာတ်အား ၂၀,၀၀၀ မီဂါဝပ် ဝန်းကျင်တင်ပို့နိုင်ရေး အစိုးရ၏စီမံကိန်းမှာအဓိကဖြစ်ပါသည်။
လာအိုနိုင်ငံသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းများမှ ကန့်ကွက်မှု များရှိသော်လည်း လွန်ခဲ့သောနှစ်တွင် မဲခေါင်မြစ်ပေါ်၌ ၁,၂၈၅ မီဂါဝပ် Don Sahong ဆည် နှင့် ၂၆၀ မီဂါဝပ် Xayaburi ဆည်နှစ်ခုကို တည်ဆောက်ပြီးစီးခဲ့ပါသည်။
ကန့်ကွက်သူများ၏ပြောဆိုချက်များအရ ဆည်များသည် မြစ်ရေစနစ်ကို ခြိမ်းခြောက်မှုများရှိနေကြောင်း ပြောကြားခဲ့ပါသည်။
Sanakham တည်ဆောက်ရန်အဆိုပြုထားသော ဧရိယာသည် လာအိုနိုင်ငံမြို့တော် ဗီယမ်ကျင်း၏မြောက်ဘက် ၁၅၅ ကီလိုမီတာအကွာတွင်ရှိပြီး ၂၀၂၈ ခုနှစ်၍၌ စတင် လည်ပတ်ချိန်တွင် လျှပ်စစ်ဓါတ်အား ၆၈၄ မီဂါဝပ်ကိုထုတ်လုပ်ပေးနိုင်ရန် ခန့်မှန်းထား ပါသည်။
Sanakham ဆည်သည် ဒေသတွင်းအစိုးရနှင့် အလုပ်လုပ်ကိုင်နေသော အစိုးရအဖွဲ့အစည်းမဟုတ်သည့် MRC prior consultation process များနှင့်ရှေ့ဆက် သွားမည် ၆ ခုမြောက်ဆည်တစ်ခုဖြစ်ပါသည်။
တရုတ်နိုင်ငံသည် လာအိုနိုင်ငံအတွင်းတွင် ရေအားလျှပ်စစ်စီမံကိန်းများစွာကို ထောက်ပံ့ခဲ့ပြီး တရုတ်ပိုင်နက်အတွင်းရှိ မဲခေါင်မြစ်အထက်ပိုင်းတွင် ဆည် ၁၁ ခုကို တည်ဆောက်ခဲ့ပါသည်။ ၎င်းတို့သည် မြစ်ရေ၏သဘာဝအတိုင်းစီးဆင်းမှုကို ပြောင်းလဲစေ သည့်အတွက် စစ်ဆေးခြင်းကိုခံခဲ့ရပါသည်။
Sanakham ဆည်သည် MRC prior consultation process နှင့် ရှေ့ဆက်မည်ဖြစ်ပြီး ပုံမှန်အားဖြင့် ၆ လခန့်ကြာမြှင့်မည်ဖြစ်ပါသည်။ ထိုနေရာတွင် MRC အဖွဲ့ဝင်နိုင်ငံများဖြစ်သော ထိုင်း၊ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သည့် စီမံကိန်းကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ပါသည်။
Image may contain: mountain, sky, outdoor and nature
Source : channelnewsasia
Laos pushes ahead with sixth Mekong River dam project

0 comments:

Post a Comment