Friday, May 15, 2020

ရုတ်တရက် နေမကောင်းဖြစ်ပြီး စာဆိုတေးရှင်ဂီတာဖေဝင်း ကွယ်လွန်၊ မေလ ၁၇ ရက်တွင် ရေဝေးသုဿာန်၌ ဂူသွင်းသဂြိုလ်မည်

Image may contain: 3 people

မြန်မာမှုတေးဂီတများဖြင့် ပရိတ်သတ်အားပေးမှုကို ခံယူခဲ့သည့် စာဆိုတေးရှင် (ဦး) ဂီတာဖေဝင်း သည် ယနေ့ (မေလ ၁၅) ရက်တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း နီးစပ်သူမျာ ထံက သိရသည်။

(ဦး) ဂီတာဖေဝင်းသည် ရန်ကုန်မြို့၊ အမှတ်(၂) ကုတင် ၅၀ဝ စစ်ဆေးရုံကြီးတွင် ညပိုင်း ၇ နာရီအချိန်ခန့်က ကွယ်လွန်ခဲ့ခြင်း ဖြစ်ကာ အသက် ၇၂ နှစ် ရှိပြီ ဖြစ်ပြီး မေလ ၁၇ ရက်တွင် ရေဝေးသုဿာန်၌ ကွယ်လွန်သူ၏ဆန္ဒအတိုင်း ဂူသွင်းသဂြိုလ်မည် ဖြစ်သည်။
"ဒီနေ့မနက်မှာ အဆိုတော်ဝိုင်းလမင်းအောင်နဲ့အတူမြဝတီရုပ်သံအင်တာဗျူးရိုက်ကူးရေးအတွက် သုဝဏ္ဏ ရေစက်နေအိမ်မှာဘဲ စီစဥ်နေရင်းက ရုတ်တရက် နေမကောင်းဖြစ်ပြီး နားလိုက်ရပါတယ်။ ညနေပိုင်း ကိုယ်ပူကြီးလာလို့ အိမ်ကိုဆရာဝန်ပင့်တော့ ဆေးရုံတင်ဖို့ပြောလို့ အမှတ်(၂) စစ်ဆေးရုံကိုတင်ပါတယ်ဆေးရုံရောက်ပြီး ဆေးကုသမှုခံယူနေရင်းကဘဲ အေးချမ်းညင်သာစွာနဲ့ ကွယ်လွန်သွားပါတယ်ရှင်" ဟု (ဦး) ဂီတာဖေဝင်း ၏ သမီးဖြစ်သူက လ်မှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာထက်တွင် ရေးသားထားသည်။
(ဦး) ဂီတာဖေဝင်းသည် မြန်မာဂီတာ ပညာရှင် တစ်ဦး ဖြစ်သည့်အပြင် ပညာများကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့သူလည်း ဖြစ်ပြီး မျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါ၊ မျက်ရည်တစ်ပေါက်ရဲ့တန်ဖိုး စသည့်ဖြင့် လူသိများသည့် အနုပညာ‌မြောက် သီချင်းများစွာကို ဖန်တီးခဲ့သူ ဖြစ်သည်။
Image may contain: 1 person, eyeglasses, selfie and closeup
Ref-Pyi Myanmar #Myanmar_Online_News

>>zawgyi<<
ရုတ်တရက် နေမကောင်းဖြစ်ပြီး စာဆိုတေးရှင်ဂီတာဖေဝင်း ကွယ်လွန်၊ မေလ ၁၇ ရက်တွင် ရေဝေးသုဿာန်၌ ဂူသွင်းသဂြိုလ်မည်
Friday, May 15, 2020

မြန်မာမှုတေးဂီတများ ဖြင့် ပရိတ်သတ် အားပေးမှုကို ခံယူခဲ့သည့် စာဆိုတေးရှင် (ဦး) ဂီတာဖေဝင်း သည် ယနေ့ (မေလ ၁၅) ရက်တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း နီးစပ်သူများ ထံက သိရသည်။
(ဦး) ဂီတာဖေဝင်းသည် ရန်ကုန်မြို့၊ အမှတ်(၂) ကုတင် ၅၀ဝ စစ်ဆေးရုံကြီးတွင် ညပိုင်း ၇ နာရီအချိန်ခန့်က ကွယ်လွန်ခဲ့ခြင်း ဖြစ်ကာ အသက် ၇၂ နှစ် ရှိပြီ ဖြစ်ပြီး မေလ ၁၇ ရက်တွင် ရေဝေးသုဿာန်၌ ကွယ်လွန်သူ၏ဆန္ဒအတိုင်း ဂူသွင်းသဂြိုလ်မည် ဖြစ်သည်။
"ဒီနေ့မနက်မှာ အဆိုတော်ဝိုင်းလမင်းအောင်နဲ့အတူမြဝတီရုပ်သံအင်တာဗျူးရိုက်ကူးရေးအတွက် သုဝဏ္ဏ ရေစက်နေအိမ်မှာဘဲ စီစဉ်နေရင်းက ရုတ်တရက် နေမကောင်းဖြစ်ပြီး နားလိုက်ရပါတယ်။ ညနေပိုင်း ကိုယ်ပူကြီးလာလို့ အိမ်ကိုဆရာဝန်ပင့်တော့ ဆေးရုံတင်ဖို့ပြောလို့ အမှတ်(၂) စစ်ဆေးရုံကိုတင်ပါတယ်ဆေးရုံရောက်ပြီး ဆေးကုသမှုခံယူနေရင်းကဘဲ အေးချမ်းညင်သာစွာနဲ့ ကွယ်လွန်သွားပါတယ်ရှင်" ဟု (ဦး) ဂီတာဖေဝင်း ၏ သမီးဖြစ်သူက လ်မှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာထက်တွင် ရေးသားထားသည်။
(ဦး) ဂီတာဖေဝင်းသည် မြန်မာဂီတာ ပညာရှင် တစ်ဦး ဖြစ်သည့်အပြင် ပညာများကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့သူလည်း ဖြစ်ပြီး မျက်လုံးဖွင့်ပြီး အိပ်ကြည့်ပါ၊ မျက်ရည်တစ်ပေါက်ရဲ့တန်ဖိုး စသည့်ဖြင့် လူသိများသည့် အနုပညာ‌မြောက် သီချင်းများစွာကို ဖန်တီးခဲ့သူ ဖြစ်သည်။
Ref-Pyi Myanmar #Myanmar_Online_News

0 comments:

Post a Comment