Friday, May 15, 2020

စားနပ်ရိက္ခာ ငါးမျိုးဖြန့်ဝေရေးတွင် ငွေကြေးကောက်ခံသည့် ကျေးရွာအုပ်ချုပ်ရေးမှူး အတိုင်ခံရ


Image may contain: outdoor
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ထုံကတင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ နိုင်ငံတော်မှထောက်ပံပေးသည့်စားနပ်ရိက္ခာအပေါ် ငွေကြေးကောက်ခံသဖြင့် တိုင်းကြားခံခဲ့ရကြောင်း တမူးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းကပြောသည်။
နိုင်ငံတော်မှထောက်ပံပေးသည့်စားနပ်ရိက္ခာငါးမျိုးကို ဖြန့်ဝေရန်အတွက်သယ်ယူစရိတ်အဖြစ် တစ်အိမ် ထောင် လျှင် ငွေကျပ် ၅၀၀ နှုန်းနှင့် ကောက်ခံခဲ့ခြင်းဖြစ်သည်။

"အုပ်ချုပ်ရေးမှူးက ပိုက်ဆံကောက်တယ်လို့ ထွက်ဆိုချက်မှာပြောတယ်။ အုပ်စုအုပ်ချုပ်ရေးမှူးကနေ တိုက်ရိုက် ကောက်တာတော့မဟုတ်ဘူး၊ ရပ်မိရပ်ဖကို ကောက်ခိုင်းတာ၊ ရပ်မိရပ်ဖကနေ ကောက်ပေးတယ်"ဟု ဦးနိုင်နိုင် ဝင်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြို့နယ်အဆင့်တာဝန်ရှိသူများက ဧပြီ ၃၀ ရက်က စိစစ်ခဲ့ပြီး တိုင်းဒေသကြီးအဆင့် ကို တင်ပြထားကြောင်းသိရသည်။

နိုင်ငံတော်မှ အခြေခံလက်လုပ်လက်စားဝင်ငွေနည်းမိသားစုများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီစသည့် အခြေခံစားသောက်ကုန်ပစ္စည်း ၅ မျိုးကို တမူးမြို့နယ်မှ အိမ်ထောင်စု ၆၈၅၄ စုအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Ref ; People Media

0 comments:

Post a Comment