Tuesday, May 5, 2020

မြောက်ဦး ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော် ကွယ်လွန်

Image may contain: 1 person
ယနေ့(မေလ ၆ရက်)နံနက် ၆နာရီကျော်တွင် ရခိုင်ပြည်နယ် မြောက်ဦးမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်သည် စစ်တွေမြို့ကုတင် ၅၀၀ ဆေးရုံ၌ ကွယ်လွန်သွားကြောင်း မိသားစုဝင်များက အတည်ပြုသည်။
၎င်းသည် ဦးနှောက်အမြှေးပါးရောင်ရောဂါဖြင့် ဆေးရုံ၌ ကုသနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဦးကျော်ကျော်သည် သေဆုံးချိန်တွင် အသက် (၇၀) နှစ်ရှိပြီဖြစ်သည်။
ဦးကျော်ကျော်သည် မြောက်ဦးမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၀ တွင်တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်တစ်ကြိမ် ရခိုင်အမျိုးသားပါတီကိုယ်စားပြုအဖြစ်အနိုင် ရရှိခဲ့သည်။
Image may contain: 1 person, standing, sky and outdoor
Crd : 7Day

0 comments:

Post a Comment