Sunday, May 10, 2020

ရခိုင်ပြည်နယ်ရှိ တရားမဝင်ဆောက်လုပ်ထားသော တိုက်ပွဲရှောင် စခန်းများတွင် စားနပ်ရိက္ခာပြတ်လပ်နေပြီ

Image may contain: 3 people, tree and outdoor

ရခိုင်ပြည်နယ်ရှိ တရားမဝင်ဆောက်လုပ်ထားသော တိုက်ပွဲရှောင်စခန်းများတွင် စားနပ်ရိက္ခာပြတ်လပ်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

၂၀၁၈ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ ကျေးရွာများတွင် အခြေပြုကာ ဝင်ရောက်တိုက်ခိုက်လာတာကြောင့် ဒေသခံပြည်သူများ တိုက်ပွဲလွတ်ရာနေရာများသို့ ထွက် ပြေးတိမ်းရှောင်နေကြရသည်။ ရခိုင်ပြည်နယ်အစိုးရမှ တိုက်ပွဲရှောင်စခန်းများဖွင့်လှစ်ကာ ထောက်ပံ့နေသောလည်း AA အဖွဲ့မှ ထိုစခန်းများသို့ မသွားရောက်စေဘဲ ၎င်းတို့ရိက္ခာရရှိရန် တရားဝင်စခန်းများတွင် နေထိုင်ခိုင်းနေသောကြောင့် ယခုနောက်ပိုင်းထောက်ပံ့သူများနည်းပါးလာကာ ဒေသခံများ ရိက္ခာများ ပြတ် လပ်နေကြောင်း သိရှိရသည်။
“ အစိုးရစခန်းတွေသွားချင်ရင်လည်း သွားချင်တိုင်းသွားလို့မရဘူး၊ ဒီမှာကျနော်တို့ မရှိတော့ရင် AA အကြမ်း ဖက်အဖွဲ့ဘက်ကမိသားစုတွေ ငတ်ကြမှာဖြစ်သလို အစိုးရစခန်းတွေမှာဆိုရင် ဒီမှာလို ရိက္ခာတွေလည်းလာယူချင်တိုင်း လာယူလို့ရမှာမဟုတ်ဘူးလေ၊ ဒီမှာက ဘယ်ကလာထောက်ပံ့ ထောက်ပံ့ ရခိုင်ပြည်လွတ်မြောက် ရေးဆိုပြီး လာလာယူသွားကြတာ၊ အရင်က နိုင်ငံတကာမှာ အလုပ်လုပ်နေတဲ့သူတွေက ထောက်ပံ့နေတော့ ဘာမှမဖြစ်ဘူး၊ အခုသူတို့လည်း ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်နေကြတော့ ကြာလာတာနဲ့အမျှ ဒီမှာငတ်တော့မယ်၊ အစိုးရစခန်းတွေကို သွားရင်လည်း သစ္စာဖောက်ဆိုပြီးသတ်ခံရမှာဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူး” ဟု ရသေ့တောင် တရားမဝင်စခန်းတွင်နေထိုင်သော ဦးအောင်လှဦးဆိုသူမှ ပြောသည်။
“ ကျနော်တို့အစိုးရက တရားဝင်တိုက်ပွဲရှောင်စခန်းတွေ ဆောက်လုပ်ပေးထားတယ်၊ အခုမီဒီယာတွေမှာပါနေတဲ့ အင်အားတွေဆိုတာ ကျနော်တို့လည်းမသိရဘူး၊ ကျနော်တို့ သတ်မှတ်ပေးထားတဲ့ တိုက်ပွဲရှောင်စခန်းတွေမှာတော့ ဘယ်သူမှလည်း မငတ်သလို ဘာရိက္ခာမှလည်း ပြက်တာမရှိဘူး၊ သူတို့မငတ်ချင်ရင်တော့ အစိုး ရဆီလာ၊ သူတို့ပါသာ သူတို့လုပ်နိုင်တယ် ထောက်ပံ့နိုင်တယ်ဆိုပြီး အစိုးရဘာလုပ်လုပ်အကောင်းမမြင်လဲ လုပ်ကြတယ်၊ အခုထောက်ပံ့မည့်သူမရှိတော့မှ ငတ်နေပါပြီဆိုပြီး အစိုးရက ဘာမှမလုပ်ပေးသလိုလို အော်နေတာတော့ မကောင်းဘူး၊ တကယ်က ပြည်သူငတ်လို့ အော်နေတာမဟုတ်ဘူး၊ တပ်ဘက်က လမ်းကြောင်းမျိုးစုံပိတ်ထားလို့ AA အဖွဲ့တွေငတ်နေလို့ တစ်ဖက်လှည့်နဲ့အော်နေတာ၊ တရားမဝင်စစ်ရှောင်စခန်းတွေကို ရှောင်တခင်သွားစစ်ကြည့် ယောက်ျားသားတွေမရှိဘူး၊ ကလေးတွေ၊ အမျိုးသမီးတွေနဲ့၊ သက်ကြီးပိုင်းတွေပဲရှိတယ်” ဟု အစိုးရရုံးတာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ရခိုင်ပြည်နယ်တွင်၂၀၂၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ထိ စစ်ဘေးသင့် ပြည်သူအရေအတွက်ဟာ ၁၆၄၂၁၁ ဦးရှိလာကြောင်း ၊ စစ်ဘေးသင့် ပြည်သူ ၁၆၄၂၁၁ ဦးတွင် စခန်းပြင်ပစစ်ဘေးသင့် ဒုက္ခသည် ဦးရေ ၁၀၁၆၇၀ ဖြစ်ပြီး စခန်းရောက် စစ်ဘေးဒုက္ခသည် ဦးရေက ၆၂၅၄၁ ဦးရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး ( Rakhine Ethnics Congress) က သတင်းထုတ်ပြန်ထားသော်လည်း အစိုးရတရားဝင်စခန်းများတွင် ထိုအင်အားလောက်မရှိသေးပေ။
တပ်မတော်ဘက်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သော AA အကြမ်းဖက်စခန်းများနှင့် ARSA စခန်းများတွင်လည်း နိုင်ငံတကာက ထောက်ပံ့သော အစားအစာများ သိမ်းဆည်းရမိခဲ့ကြောင်း အစိုးရပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
Image may contain: 1 person, food
Ref ; May Yu News

0 comments:

Post a Comment