Saturday, May 9, 2020

နေပြည်တော်စည်ပင်ဘဏ်လီမိတက်အား နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်ဟု အမည်ပြောင်းလဲသက်မှတ်ကာ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပခြင်း

Image may contain: outdoor

နေပြည်တော် စည်ပင်ဘဏ်လီမိတက်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယနေ့ နံနက်ပိုင်း က နေပြည်တော် စည်ပင်ဘဏ်လီမိတက်၏ အစုရှယ်ယာ ရာနှုန်းပြည့်ထည့်ဝင်ထားသည့် အစုရှယ်ယာရှင်ဖြစ်သော နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ များက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော်စည်ပင် ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့နာယက ဒေါက်တာမျိုးအောင်က ဘဏ်၏လက်ရှိ ကောင်းမွန်တည်ငြိမ်ခိုင်မာမှုကို ဆက်လက် ထိန်းသိမ်းထားရှိပြီး ဘဏ်လုပ်ငန်းများ တိုးတက် အောင်မြင်စေရန်အတွက် မြန်မာနိုင်ငံငွေရေး ကြေးရေးအဖွဲ့အစည်းများဥပဒေနှင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေနှင့် မြန်မာနိုင်ငံစာရင်းကိုင် စံများနှင့်အညီ ညွှန်ကြားချက်များအား လိုက်နာ၍ တိုးတက်ပြောင်းလဲလာသော Digital Banking ကို IT နည်းပညာကျွမ်းကျင်မှု များဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခိုင်မာယုံကြည်စိတ်ချရသော ဘဏ်တစ်ခု ဖြစ်အောင် မတည်ရင်းနှီးငွေများကိုလည်း နှစ်စဉ် တိုးမြှင့်ထည့်ဝင် ဆောင်ရွက်သွားပြီး ပိုမိုတိုးတက်အောင်မြင်သည့် ဘဏ်တစ်ခု အဖြစ်သို့ရောက်ရှိရန် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား သည်။
ယင်းနောက် နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်စည်ပင်ဘဏ်လီမိတက် ဒါရိုက်တာ အဖွဲ့ဥက္ကဋ္ဌ ဦးရဲမင်းဦးက ဘဏ်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး နေပြည်တော်စည်ပင်ဘဏ်လီမိတက် အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်ငြိမ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အစီရင်ခံစာ အား ဖတ်ကြားတင်ပြသည်။
ထို့နောက် အခမ်းအနားမှူးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် နေပြည်တော် စည်ပင်ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဝင် များ၏ အမည်စာရင်းအား ကြေညာအတည်ပြု ခဲ့ပြီး Win Thin & Associates Certified Public Accountants မှ Senior Manager ဒေါ်ခင်မျိုး အောင်က ပြင်ပမှ Video Conferencing System ဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၏ စာရင်းစစ် အစီရင်ခံစာအား ဖတ်ကြားတင်ပြ သည်။
ယင်းနောက် အခမ်းအနားမှူးက မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ ဇန်နဝါရီ ၃ ရက်က ခွင့်ပြုချက်အရ နေပြည်တော်စည်ပင်ဘဏ်လီမိတက်(Naypyitaw Sibin Bank Limited) မှ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက် (Naypyitaw Development Bank Limited) အမည်သို့ ပြောင်းလဲခြင်း၊ နေပြည်တော်စည်ပင် ဘဏ်လီမိတက်အနေဖြင့် ကူးသန်းရောင်း ဝယ်ရေးဘဏ်လုပ်ငန်းသာမက ဖွံ့ဖြိုးရေးဘဏ် လုပ်ငန်းကိုပါ တိုးချဲ့ဆောင်ရွက်ရန်အတွက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်အမည် ဖြစ်ပေါ် လာပုံနှင့် Logo Design အား ရှင်းလင်းတင်ပြ၍ ဒါရိုက်တာအဖွဲ့၏ သဘောတူညီမှုဖြင့် အတည် ပြုခဲ့သည်။
ဆက်လက်၍ နေပြည်တော်စည်ပင်ဘဏ် လီမိတက်၏ ရှေ့လုပ်ငန်းစဉ်များအား ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးလှစိုးက ဆက်လက်တင်ပြခဲ့ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော် စည်ပင်ဘဏ်လီမိတက် ဒါရိုက်တာ အဖွဲ့နာယက ဒေါက်တာမျိုးအောင်က နိဂုံးချုပ်ကျေးဇူးတင် စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
အခမ်းအနားသို့ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်များဖြစ်ကြသော ဦးအေးမြင့်၊ ဦးမင်းသူ၊ ဒေါ်စံပယ်ထွေး၊ ဦးမင်းသိမ်း၊ ဦးဆန်းနိုင်၊ ဦးကျော်ဇင်လတ်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဘဏ်ဒါရိုက်တာအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်ဘဏ်လီမိတက်မှ အရာထမ်း၊ အမှုထမ်း များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌရုံး ညွှန်ကြား ရေးမှူးချုပ်နှင့် Win Thin & Associates Certified Public Accountants အဖွဲ့တို့သည် Video Conferencing စနစ်ဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၊ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) နှင့် နေပြည်တော်စည်ပင်ဘဏ်လီမိတက် (ရုံးချုပ်) အစည်းအဝေးခန်းမတို့၌ နေရာခွဲ၍ တက်ရောက် ကြသည်။
Image may contain: 4 people
Image may contain: 1 person, sitting, table and indoor
Image may contain: 1 person, standing and flower
Image may contain: people sitting, table and indoor
Image may contain: one or more people, people sitting, table and indoor

Source : The Mirror Daily #Myanmar_Online_News

0 comments:

Post a Comment