Wednesday, May 13, 2020

ဖိလစ်ပိုင်ဆိပ်ကမ်းရှိ ဇိမ်ခံသင်္ဘောများပေါ်မှ ဝန်ထမ်း ၅၃၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနေ

Image may contain: sky, outdoor and water
ဖိလစ်ပိုင်နိုင်ငံ မနီလာပင်လယ်အော်ဟာ ဇိမ်ခံသင်္ဘောတွေအတွက် ကမ္ဘာ့အကြီးဆုံး ရပ်နားစခန်း ဖြစ်လာနေပါတယ်။ဒါပေမဲ့ သင်္ဘောတစီးမှ ခရီးသည် မရှိပါဘူး။ မြို့တော် မနီလာရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ အလေးချိန် တန် ၂ သန်းလောက်ရှိတဲ့ သင်္ဘောအစီး ၂၀ကျော် ပါတဲ့ သင်္ဘောစုဟာ ဒီသင်္ဘောတွေပေါ်က ဖိလစ်ပိုင်ဝန်ထမ်း အယောက် ၅၃၀၀ ကျော်အတွက် ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း အတည်ပြုစာ ရဖို့ စောင့်နေတာပါ။

သူတို့ဟာ အလုပ်ပြန်ရဖို့ အာမခံချက် မရှိပါဘူး။ ဖိလစ်ပိုင် နိုင်ငံတကာ ပင်လယ်ပျော်များ အသင်း အကြီးအကဲ ဟိုဆေး အယ်လ်ဘာခါတိုကတော့ အပျော်စီး သင်္ဘောတွေ အများစုပေါ်မှာ ဖိလစ်ပိုင် နိုင်ငံသားတွေဟာ အကြီးဆုံး အားထားစရာ ဝန်ထမ်းတွေ ဖြစ်တယ် ပျမ်းမျှ အားဖြင့် ဝန်ထမ်း ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက်အထိဟာ ဖိလစ်ပိုင် နိုင်ငံသားတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ်က ဒီသင်္ဘောတွေဆီ လွန်းပျံ သွားလာနေပြီး မူရင်းနိုင်ငံကို ပြန်မပို့ခင် ရောဂါခြေချုပ် ၁၄ရက် နေရတဲ့ သင်္ဘောသားတွေကို ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စမ်းသပ်မှု ၄၉၉၁ ခု လုပ်ခဲ့ပေမယ့် သံသယ လူနာမတွေ့ရှိခဲ့ပါဘူး။
Image may contain: sky, ocean and outdoor
Crd : DVB

0 comments:

Post a Comment