Sunday, May 10, 2020

သွေးရည်ကြည်ကုထုံးဖြင့် သုံးနိုင်ရန် မိမိ၏သွေးကို လှူမည့် အဆိုတော် နီတာ

Image may contain: 1 person, selfie and closeup
အဆိုတော်နီတာသည် Covid -19 Positive မှ Negative နှစ်ကြိမ်ပြသည့်အတွက် ရန်ကုန်မြို့၊ တောင်ဥက္ကလာပဆေးရုံမှ မေ ၉ရက်တွင် ဆင်းခွင့်ရခဲ့ပြီး ကျန်းမာရေးအတွက် Facility Quarantine (၂)ပတ်ခန့်ဝင်ပြီး မိမိ၏သွေးကို သွေးရည်ကြည်ကုထုံးဖြင့် အသုံးပြုနိုင်ရန်အတွက် ပြန်လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောသည်။

“ဆေးရုံမှာကလည်း သွေးရည်ကြည်ကုထုံးတွေနဲ့ ကုသဖို့စပြီးတော့ စမ်းသပ်နေပြီဆိုတော့ အစ်ကို လည်း အစ်ကို့ရဲ့သွေးကို လှူချင်နေတာပါ။ အစ်ကိုက Positive ကနေ Negative နှစ်ကြိမ်ထွက်ပြီး ပြန်ကောင်းလာတဲ့ လူနာဖြစ်တာကြောင့် အစ်ကိုရဲ့သွေးနဲ့ ပြန်ကုပြီးတော့ သူများတွေ ကောင်းမယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ အဲဒါကြောင့် ပြန်လည်လှူဖို့ဆုံးဖြတ်ထားတယ်။ Facility Quarantine (၂)ပတ်ခန့်ဝင်ပြီးရင် ဝေဘာဂီ ဆေးရုံကို ပြန်လာပြီး သွေးလှူသွားမှာပါ ” ဟု နီတာက ပြောသည်။
၎င်းသည် လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး ၊ လည်ကူးမြို့နယ်ရှိ ဖောင်ကြီးဆေးရုံ၌ Facility Quarantine ၂ပတ်တိတိ ထပ်ဝင်ရမည်ဖြစ် သည်။
အဆိုတော် နီတာသည် မတ် ၂၉ရက်တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ဘာသာရေးအခမ်းအနားတစ်ခုကို ရိုက်ကူးရေးသွားရောက်ခဲ့ပြီး ဧပြီ ၁၄ ရက်တွင် စောင့်ကြည့်လူနာအဖြစ် စတင်စစ်ဆေးကုသမှု ခံယူခဲ့သူလည်းဖြစ်သည်။
Ref ; The Myanmar Times

0 comments:

Post a Comment