Friday, May 15, 2020

ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား ဖြည့်စွက်အာဟာရများ ပေးအပ်လှူဒါန်း

Image may contain: 1 person, standing

တပ်မတော်အနေဖြင့် Coronavirus Disease 2019 (COVID-19) ရောဂါ ကူးစက်ပျံ့ပွားမှုကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများတွင် အသုံးပြုနိုင်ရန် အတွက် နှာခေါင်းစည်း Mask များ၊ Personal Protective Equipment(PPE) ဝတ်စုံများ၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves)များနှင့် မျက်မှန်(Goggles)များကို တိုင်းစစ်ဌာနချုပ်များအလိုက်ပေးပို့လှူဒါန်းလျက်ရှိသည်။

ထို့ပြင် ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသ မှုခံယူလျက်ရှိသော ပြည်သူများကို ဆေးဝါးများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းလျက်ရှိရာ မေ ၈ ရက် ၁၄ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ပြည်သူ့ဆေးရုံစုစုပေါင်း ၃၁၄ ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းနှင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသောလူနာ စုစုပေါင်းအင်အား ၂၅၇၈၈ ဦးတို့ကို ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ ကြက်သားဆန်ပြုတ်၊ ငါးဆန်ပြုတ်၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)နှင့် အခြားအာဟာရဖြည့်စား သောက်ဖွယ်ရာများ (စုစုပေါင်းငွေကျပ် ၇၁ သိန်းကျော်တန်ဖိုး)ရှိ အာဟာရဖြည့်အစားအစာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Image may contain: one or more people, people standing and outdoor
Ref-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

>>zawgyi<<
ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံ တက်ရောက်ကုသနေသော လူနာများအား ဖြည့်စွက်အာဟာရများ ပေးအပ်လှူဒါန်း
Friday, May 15, 2020

တပ်မတော်အနေဖြင့် Coronavirus Disease 2019 (COVID-19) ရောဂါ ကူးစက်ပျံ့ပွားမှုကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အင်တိုက် အားတိုက် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများတွင် အသုံးပြုနိုင်ရန် အတွက် နှာခေါင်းစည်း Mask များ၊ Personal Protective Equipment(PPE) ဝတ်စုံများ၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves) များနှင့် မျက်မှန် (Goggles) များကို တိုင်းစစ်ဌာနချုပ်များအလိုက်ပေးပို့လှူဒါန်းလျက်ရှိသည်။
ထို့ပြင် ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသ မှုခံယူလျက်ရှိသော ပြည်သူများကို ဆေးဝါးများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းလျက်ရှိရာ မေ ၈ ရက် ၁၄ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ပြည်သူ့ဆေးရုံစုစုပေါင်း ၃၁၄ ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းနှင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသောလူနာ စုစုပေါင်းအင်အား ၂၅၇၈၈ ဦးတို့ကို ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ ကြက်သားဆန်ပြုတ်၊ ငါးဆန်ပြုတ်၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)နှင့် အခြားအာဟာရဖြည့်စား သောက်ဖွယ်ရာများ (စုစုပေါင်းငွေကျပ် ၇၁ သိန်းကျော်တန်ဖိုး)ရှိ အာဟာရဖြည့်အစားအစာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Ref-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment