Monday, May 4, 2020

ရောဂါပိုးပျောက်ကင်းသွားတဲ့ ပေါက်ခေါင်းကမိသားစု ၄ ဦးစလုံး ဝေဘာဂီဆေးရုံမှာ ဆက်လက်စောင့်ကြည့်မှု ခံယူနေ

Image may contain: text that says 'အထူးကု ဆေးရုံ ဝေဘာဂီ'
တစ်မိသားစုလုံး COVID-19ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ ပေါက်ခေါင်းမြို့နယ်က မိသားစုဟာ အခုဆိုရင်တော့ သေဆုံးသွားတဲ့ အသက်၄၇နှစ် အရွယ် ဖခင်ကလွဲပြီး ကျန်တစ်မိသားစုလုံး ရောဂါပိုး ပြန်လည်ပျောက်ကင်း သွားပါပြီ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အတည်ပြုလူနာတွေကို ဓာတ်ခွဲစစ်ဆေးရာမှာ နှစ်ကြိမ်ဆက်တိုက် Negative ပြခဲ့ရင် ရောဂါပိုးကင်းစင်သူလို့သတ်မှတ်နိုင်တာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပေါက်ခေါင်းမိသားစုထဲမှာ ပထမဆုံးရောဂါပိုးကူးစက်ခံခဲ့ရတဲ့ အသက် ၄၅နှစ်အရွယ် မိခင်အပါအဝင် သား၊သမီးနဲ့တူမတို့အားလုံးရောဂါပိုးကင်းစင်အဖြစ်သတ်မှတ်ခံခဲ့ရတာပါ။
“သူတို့တစ်မိသားစုလုံး လက်ရှိမှာရောဂါပိုးပြန်လည်ပျောက်ကင်းသွားပြီဖြစ်ပေမယ့် ဆေးရုံမှာပဲ ၁၄ ရက် ကြာ ဆက်လက် စောင့်ကြည့်မှု ခံယူနေရပါသေးတယ်။ဗဟန်းမြို့နယ်ကိုတော့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေး ပါဘူး။”လို့ ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောပါတယ်။
လူနာအမှတ်(၁၅) အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ ရောဂါပိုးတွေ့လူနာ သူနာပြုဆရာမအမျိုးသမီးဟာ ပြင်သစ်ခရီး သွားတွေထံကတဆင့် ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပြီး အသက် ၄၇နှစ်အရွယ်ခင်ပွန်း၊ အသက်(၈)နှစ်အရွယ်သမီး၊ အသက် (၁၀)နှစ်အရွယ်သားနဲ့ အသက်(၁၈)နှစ်အရွယ်တူမတို့ကို ထပ်ဆင့်ကူးစက်ခံခဲ့ရတာပါ။ ပေါက်ခေါင်းက မိသားစုတွေထဲမှာ အိမ်မွေးခွေးတစ်ကောင်လည်းရှိခဲ့ပြီး ခွေးကလေးမှာတော့ COVID-19 ရောဂါ ပိုးကူးစက်ခံခဲ့ရခြင်းမရှိဘူးလို့ သိရပါတယ်။
Ref ; Duwun

0 comments:

Post a Comment