Friday, May 15, 2020

ဝူဟန်မြို့ခံအားလုံးကို ၁၀ ရက်အတွင်း ဗိုင်းရပ်စ်ရှိ/မရှိ အပြီး စစ်ဆေးမည်

Image may contain: 1 person, dancing, standing, night and outdoor

တရုတ်နိုင်ငံ ဝူဟန်မြို့ခံအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးပေးခြင်းကို မေ ၁၄ ရက်နေ့ မှစတင်ပြီး မြို့တော်တဝန်းရှိ ဗိုင်းရပ်စ်စစ်ဆေးပေးမယ့် နေရာတွေမှာ လူတွေ တန်းစီစောင့်စား နေတာကို တွေ့ရပါတယ်။ ဝူဟန်မြို့ရှိ အိမ်ယာတစ်ခုမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် အခုလို မြို့ခံအားလုံး အား ဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးပေးရန် အကြောင်း ဖြစ်လာ ခဲ့တာလို့ သိရပါတယ်။

ဝူဟန်မြို့ခံ လူဦးရေ ၁၁ သန်းကို ၁၀ ရက်အတွင်း စစ်ဆေးမှာဖြစ်ပါတယ်။ တစ်နေ့လျှင် ရောဂါပိုးစစ်ဆေးမှုဟာ လူ ၁၀၀,၀၀၀ အတွင်းသာ ပြီးမြောက်နိုင်တဲ့အတွက် မြို့ခံအားလုံးကို ၁၀ ရက်အတွင်းစစ်ဆေးဖို့ဆိုတာ ခက်ခဲကြောင်း သိရပါတယ်။
ဒါကြောင့် အာဏာပိုင်တွေက ပိုးစတင်စစ်ရေးတဲ့ ရက် သတ်မှတ်တာထက် ပြီးဆုံးရက်ကို ၁၀ ရက်အတွင်း ဖြစ်ရမယ်လို့ ဆိုပါတယ်။
တချို့မြို့နယ်တွေမှာ မေ ၁၂ ရက်က စတင် စစ်ဆေးပြီး တစ်ချို့ကတော့ မေ ၁၇ ရက်နေ့မှ စပြီး စစ်ဆေးမယ်လို့ သိရပါတယ်။
မြို့နယ်တစ်ခုချင်းစီမှာ ဗိုင်းရပ်စ်ပိုးစစ်ဆေးတဲ့ စတင် ရက်မှ ၁၀ ရက်အတွင်း ပြီးအောင် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဝူဟန်မြို့ခံ ၅ သန်းလောက်အထိဟာ တရုတ်နှစ်သစ်ကူးအတွက် မြို့ကနေ ထွက်ခွာခဲ့ကြောင်း တာဝန်ရှိသူတွေ အပြောအရ သိရပါတယ်။ ဝူဟန်မြို့ကို အသွားအလာပိတ်ဆို့မှု ဟာ ဇန်နဝါရီ ၂၃ မှ စတင်ပြီး ဧပြီ ၈ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။
Image may contain: one or more people and people standing
Image may contain: one or more people, people standing and outdoor
crd-myanmardigitalnews #Myanmar_Online_News

>>zawgyi<<
ဝူဟန်မြို့ခံအားလုံးကို ၁၀ ရက်အတွင်း ဗိုင်းရပ်စ်ရှိ/မရှိ အပြီး စစ်ဆေးမည်
Friday, May 15, 2020

တရုတ်နိုင်ငံ ဝူဟန်မြို့ခံအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးပေးခြင်းကို မေ ၁၄ ရက်နေ့ မှစတင်ပြီး မြို့တော်တဝန်းရှိ ဗိုင်းရပ်စ်စစ်ဆေးပေးမယ့် နေရာတွေမှာ လူတွေ တန်းစီစောင့်စား နေတာကို တွေ့ရပါတယ်။ ဝူဟန်မြို့ရှိ အိမ်ယာတစ်ခုမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် အခုလို မြို့ခံအားလုံး အား ဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးပေးရန် အကြောင်း ဖြစ်လာ ခဲ့တာလို့ သိရပါတယ်။
ဝူဟန်မြို့ခံ လူဦးရေ ၁၁ သန်းကို ၁၀ ရက်အတွင်း စစ်ဆေးမှာဖြစ်ပါတယ်။ တစ်နေ့လျှင် ရောဂါပိုးစစ်ဆေးမှုဟာ လူ ၁၀၀,၀၀၀ အတွင်းသာ ပြီးမြောက်နိုင်တဲ့အတွက် မြို့ခံအားလုံးကို ၁၀ ရက်အတွင်းစစ်ဆေးဖို့ဆိုတာ ခက်ခဲကြောင်း သိရပါတယ်။
ဒါကြောင့် အာဏာပိုင်တွေက ပိုးစတင်စစ်ရေးတဲ့ ရက် သတ်မှတ်တာထက် ပြီးဆုံးရက်ကို ၁၀ ရက်အတွင်း ဖြစ်ရမယ်လို့ ဆိုပါတယ်။
တချို့မြို့နယ်တွေမှာ မေ ၁၂ ရက်က စတင် စစ်ဆေးပြီး တစ်ချို့ကတော့ မေ ၁၇ ရက်နေ့မှ စပြီး စစ်ဆေးမယ်လို့ သိရပါတယ်။
မြို့နယ်တစ်ခုချင်းစီမှာ ဗိုင်းရပ်စ်ပိုးစစ်ဆေးတဲ့ စတင် ရက်မှ ၁၀ ရက်အတွင်း ပြီးအောင် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဝူဟန်မြို့ခံ ၅ သန်းလောက်အထိဟာ တရုတ်နှစ်သစ်ကူးအတွက် မြို့ကနေ ထွက်ခွာခဲ့ကြောင်း တာဝန်ရှိသူတွေ အပြောအရ သိရပါတယ်။ ဝူဟန်မြို့ကို အသွားအလာပိတ်ဆို့မှု ဟာ ဇန်နဝါရီ ၂၃ မှ စတင်ပြီး ဧပြီ ၈ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။
crd-myanmardigitalnews #Myanmar_Online_News

0 comments:

Post a Comment