Friday, May 15, 2020

ဗင်းနစ်မြို့အနီး ဓာတုစက်ရုံပေါက်ကွဲ၊ ဒေသခံများ အိမ်ထဲတခါးပိတ်နေရန် ညွှန်ကြား


Image may contain: cloud, sky and outdoor
အီတလီနိုင်ငံ ဗင်းနစ်မြို့နားက ဓာတုပစ္စည်းစက်ရုံမှာ မေလ ၁၅ ရက်က ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ဒေသခံတွေ အိမ်ထဲမှာ တံခါးပိတ်နေဖို့ တာဝန်ရှိသူတွေက ညွှန်ကြားခဲ့ရပါတယ်။
စက်ရုံပေါက်ကွဲမှုမှာ အလုပ်သမား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသသတင်းစာ ကိုရီယာဒယ်ဗန်နက်တိုက ဖော်ပြပါတယ်။

စက်မှုဇုန်တခုအတွင်း‌ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မီးသတ်သမား ဒါဇင်နဲ့ချီ သွားရောက် ငြှိမ်းသတ်ခဲ့ပါတယ်။ ဓာတုစက်ရုံပေါက်ကွဲမှုက ထွက်လာတဲ့ မီးခိုးမည်းမည်းတွေကို ဗင်းနစ်မြို့ ပင်လယ်ထုံးအိုင်ကနေ မြင်တွေ့ရပါတယ်။

ဒီပေါက်ကွဲမှုဟာ ဗင်းနစ်မြို့က ကီလိုမီတာ အနည်းငယ်ဝေးတဲ့ ပေါ်တိုမာဂယ်တာ အရပ်မှာ ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Ref ; DVB

0 comments:

Post a Comment