Sunday, May 17, 2020

ကနေဒါနိုင်ငံလေတပ် လေကြောင်းသရုပ်ပြပွဲတွင် ဂျက်လေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွား

Image may contain: cloud, sky, nature and outdoor

ကနေဒါနိုင်ငံလေတပ် Snowbirds exhibition team မှ ဂျက်လေယာဉ်တစ်စင်း သည် မေလ ၁၇ ရက်နေ့တွင် British Columbia ပြည်နယ် Kamloops မြို့ လူနေအိမ်များအနီတွင်ပျက်ကျခဲ့ပါသည်။ အဆိုပါဂျက်လေယာဉ်မှ လေယာဉ်မှူးထွက် လာပြီးနောက်တွင် ပျက်ကျခဲ့ကြောင်းမျက်မြင်သက်သေများမှပြောကြားခဲ့ပါသည်။

အဆိုပါလေယာဉ်မှူး၏အခြေအနေကို မသိရှိရသေးပါ။ Kamloops သည် Vancouver ၏ အရှေ့မြောက်ဘက် ၃၂၀ ကိလိုမီတာခန့်တွင်ရှိပါသည်။
လေတပ်မှ Kamloops အနီးတွင် Snowbirds အဖွဲ့မှ ဂျက်တစ်စင်းပျက်ကျခဲ့ ကြောင်း ၎င်းတို့၏ Twitter ပေါ်တွင်အတည်ပြုဖော်ပြထားသော်လည်း အသေးစိတ် ကိုဖော်ပြထားခြင်းမရှိပါ။
ဗီဒီယိုရိုက်ကူးထားသောသက်သေတစ်ဦး၏ပြောစကားအရ Canadair Tutor single-engine ဂျက်နှစ်စင်းပျံသန်းခဲ့ကြောင်းသိရှိရပြီး တစ်စင်းမှာမြေပြင်သို့မဆင်းသက်မီ လေယာဉ်ဦးပိုင်းထောင်လာပြီး လေယာဉ်မှူးထွက်လာပြီးနောက်ပျက်ကျခဲ့ကြောင်း ပြော ကြားခဲ့သည်။
လူဦးရေ ၉၀,၀၀၀ ကျော်နေထိုင်သော Kamloops မြို့ Brocklehurst ဧရိယာတွင် နေအိမ်တစ်လုံးမီးလောင်ခဲ့ကြောင်း Kamloops ရုပ်မြင်သံကြားဌာန CFJC မှ ဓာတ်ပုံမှတ်တမ်းဖြင့်ပြသခဲ့ပါသည်။
လေယာဉ်ပျက်ကျမှုသည် Snowbird နှင့်ပတ်သက်၍ဒုတိယအကြိမ်ဖြစ်ကြောင်း နှင့် ပထမဖြစ်စဉ်မှာ Atlanta သရုပ်ပြပွဲမတိုင်မီ အောက်တိုဘာလနောက်ပိုင်း၌ လေယာဉ်မှူးကို ထွက်လာပြီးနောက် လူမရှိသောနေရာတွင်ပျက်ကျခဲ့ပါသည်။
Source : Channel NewsAsia
Jet from Canadian air force show team crashes

0 comments:

Post a Comment