Thursday, May 14, 2020

တရုတ်နိုင်ငံအတွင်းရှိ ပြည်နယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားများအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း

Image may contain: one or more people and outdoor
မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ရှိ နှစ်နိုင်ငံ ပြည်ဝင် ပြည်ထွက် စစ်ဆေးရေး နန်းတော်ဂိတ်၌ တရုတ်နိုင်ငံအတွင်းရှိ ပြည်နယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသော မြန်မာလုပ်သား ၇၂ ဦးကို မြန်မာနိုင်ငံသို့ မေ ၁၃ ရက် ညနေ ၅ နာရီအချိန်တွင် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ စီကျန်းပြည်နယ် ကျားရှင်းမြို့၊ ကွမ်းတုံးပြည်နယ် တုံးရွယ်မြို့၊ ချင်းရွှင်မြို့၊ တုံးရွယ်မြို့၊‌‌ ဟွေ့ကျိုးမြို့၊ ဟော်ရန်မြို့၊ မေဇုံးမြို့၊ ရှန်ဟိုင်းပြည်နယ် ရှန်ဟိုင်းမြို့၊ ကွမ်းရှီးပြည်နယ် ဝူဇိုးမြို့နှင့် ပေဟိုင်မြို့၊ ကွေ့ကျုံးပြည်နယ် ရှင်းရွိန်မြို့နှင့် ဟိုင်နန်ပြည်နယ် လင်ဇူချန်းမြို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသော အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၇၂ ဦးတို့ကို ရွှေလီ နယ်စပ်ကာကွယ်ရေးနှင့် နိုင်ငံတကာ ပူးပေါင်ဆောင်ရွက်ရေးဌာနခွဲ ဒုတိယဌာနခွဲမှူး မစ္စတာလျူယန်ဖူးက လွှဲပြောင်းပေးခဲ့သည်။

ထိုသို့ တရုတ်နိုင်ငံက လွှဲပြောင်းပေးသည့် ၇၂ ဦးကို မူဆယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနက Faver Surveillance များပြုလုပ်၍ ၎င်းတို့ကို အ.ထ.က (၃) စာသင်ကျောင်း နှင့် တရုတ်စာသင်ကျောင်းတို့ရှိ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၊ ကြိုဆိုလက်ခံရေး ဆပ်ကော်မတီထံသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ‌ဆပ်ကော်မတီက Community Based Facility Quarantine ထားရှိနိုင်ရန် စီစဉ်ဆောင်ရွက် ပေးခဲ့သည်။
Crd : ပေါက်ဖော်

0 comments:

Post a Comment