Saturday, May 9, 2020

ရန်ကုန်မှခရီးသည်များ ၂၁ ရက်ကန့်သတ်စောင့်ကြည့်ခံရမည်စိုး၍ ခရီးသည်အချို့ မန္တလေးဘူတာကြီးသို့ မရောက်ခင်တွင် ခုန်ချခြင်း၊ ကျောက်ဆည်ဘူတာတွင်ဆင်း၍ မန္တလေးမြို့သို့ လာခြင်းများရှိနေကြောင်းသိရ

Image may contain: sky, cloud, tree and outdoor

မန္တလေးတွင် ကန့်သတ် စောင့်ကြည့် (Quarantine) ခံရမည်စိုး၍ ရန်ကုန်မှ မန္တလေးသို့လာသည့် ခရီး သည်အချို့ မန္တလေးဘူတာကြီး မရောက်ခင်တွင် ရထားပေါ်မှ ခုန်ဆင်းနေသဖြင့် စောင့်ကြည့်နေ ရကြောင်း လုံခြုံရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးကဆိုသည်။

ရန်ကုန်-မန္တလေးရထားမှာ ဘူတာကြီးသို့ ဝင်ရန် အရှိန်လျှော့ လိုက်ချိန်တွင် ခရီးသည်များက ခုန်ချနေကြခြင်းဖြစ်ပြီး ဧပြီ ၂၆ က အယောက် ၂၀ ကျော် ခုန်ချ သည်ကို တွေ့မြင်ရကြောင်း၊ယင်း သို့ခရီးသည်များ ခုန်ချနေခြင်းကို မန္တလေးဘူတာကြီးအနီးရှိ ကဉ္စန မဟီရပ်ကွက်တွင် နေထိုင်သူများ က တိုင်တန်းလာခြင်းဖြစ်ကြောင်း ကဉ္စနမဟီရပ်ကွက် အုပ်ချုပ်ရေး မှူးဦးအောင်မြင့်ဦးကဆိုသည်။
လွန်ခဲ့သည့် ၁၀ ရက်ခန့်က စတင်ကာ လုံခြုံရေးအဖွဲ့များက စောင့်ကြည့်နေရခြင်းဖြစ်ပြီး ယင်း သို့ စောင့်ကြည့်ဖမ်းဆီးနေမှု ကြောင့် ခုန်ချသူမရှိသလောက် ဖြစ်နေပြီဖြစ်ကြောင်း ၎င်းကဆို သည်။
ဘူတာသို့ရထားမဆိုက်မီ ၃၄ လမ်းနှင့် ၃၅ လမ်းကြား ကဉ္စနမဟီရပ်ကွက် သံလမ်းဘေး ဈေးအနီးတွင် လုံခြုံရေးတစ်ဖွဲ့၊ ဘူတာကြီးတွင် တစ်ဖွဲ့၊ စုစုပေါင်း နှစ်ဖွဲ့ခွဲကာ လုံခြုံရေး ဆောင်ရွက် ကြကြောင်း ၎င်းကဆိုသည်။
ရန်ကုန်-မန္တလေးရထားမှာ နေ့စဉ်မနက် ၁၀ နာရီခွဲခန့် မန္တ လေးဘူတာကြီးသို့ ဆိုက်ရောက် ကြောင်း၊ ရထားပေါ်တွင်တွဲစောင့် ပါသော်လည်း ခုန်ချနေမှုများကို တားဆီးနိုင်ခြင်း မရှိကြောင်း၊ ယခင်အပတ်က အစိုးရဝန်ထမ်း တစ်ဦး ခုန်ချသည်ကို ဖမ်းမိခဲ့ပြီး အကျမတော်၍ ခြေထောက်ဒဏ် ရာရသွားကြောင်း ၎င်းကပြော သည်။
‘‘သူ့ကိုမေးတော့ သူလည်း မသိဘူး၊ အများခုန်ချလို့ ခုန်ချ တာလို့ပြောတယ်။ အရေးမယူ လိုက်ပါဘူး။ သက်ဆိုင်ရာဌာနကို ကွာရန်တင်းဝင်ဖို့ လွှဲပေးခဲ့တယ်’’ ဟု ၎င်းကဆက်ပြောသည်။
အဆိုပါလုံခြုံရေးအဖွဲ့တွင် ချမ်းအေးသာစံမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ ဝန်ရှိသူများ၊ ချမ်းအေးသာစံမြို့ နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မီးသတ်တပ် ဖွဲ့ဝင်များ၊ ကျန်းမာရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးများလည်း ပါဝင် ကြောင်း ဦးအောင်မြင့်ဦးကဆို သည်။
အချို့မှာ ၂၁ ရက်ကန့်သတ် စောင့်ကြည့်ခံရမည်စိုး၍ကျောက် ဆည်ဘူတာတွင်ဆင်းခြင်း၊ ည နေရထားဖြင့် ရန်ကုန်သို့ ပြန်သွား ခြင်းများလည်းရှိသည်ဟု လုံခြုံ ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ စိတ္တရ မဟီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦး ဝင်းမင်းသိန်းက ပြောသည်။
ရန်ကုန်-မန္တလေး ရထား စက်ခေါင်းမောင်းတစ်ဦးဖြစ်သူ ကိုစောဝေလင်းက ဘူတာမတိုင်မီ ခုန်ချမှုများမှာ အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် မပြုလုပ်သင့် ကြောင်းဆိုသည်။
‘‘ကျွန်တော်တို့က မောင်းနေ တော့ စောင့်ကြည့်လို့မရဘူး။ ခုန် ချတာက နည်းမမှန်ရင် ခြေပြတ်၊ လက်ပြတ်နဲ့ ခေါင်းပါပြတ်နိုင် တယ်၊ မလုပ်သင့်ဘူး’’ ဟု ပြော သည်။မြန်မာနိုင်ငံတွင် COVID- 19 ရောဂါ ဖြစ်ပွားမှုအများဆုံး ဖြစ်သော ရန်ကုန်မြို့မှလာရောက် သည့် ခရီးသည်များကို တိုင်းနှင့် ပြည်နယ်အချို့က ဝင်ရောက်ခွင့် မပြုခြင်း၊ ၂၁ ရက်ကန့်သတ် စောင့်ကြည့်မှုခံယူစေခြင်းတို့ ပြု လုပ်လျက်ရှိသည်။
Image may contain: sky, tree and outdoor
Image may contain: outdoor and nature
Crd : 7Day

0 comments:

Post a Comment