Wednesday, May 13, 2020

ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြဝတီမြို့ဘက်သို့ သောင်းရင်းမြစ်အား ခိုးဖြတ်ကူးလာသူ အမျိုးသမီးတစ်ဦးရဲ့ဖြစ်ရပ်

Image may contain: one or more people and people standing

မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ (၉၉၉) ဂိတ်ဟောင်းအနီး၊(၁၀)ဂိတ် အနောက်ခြမ်းတွင် မေလ(၁၂)ရက်နေ့ ညနေ(၄)နာရီ ကျော်အချိန်ခန့်က၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်မှ မြဝတီမြို့သို့ သောင်ရင်းမြစ်အား ဖြတ်သန်း၍ ကူးလာသူတစ်ဦးအားတွေ့ရှိ၍ BGFတပ်ဖွဲ့ဝင်များနှင့်ရပ်ကွက် ရာအိမ်မှူးများကခေါ်ဆောင်ကာ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်စစ်ဆေးရာအဆိုပါမိန်းကလေးမှာမဝင်းသူဇာ (၃၃)နှစ် ၊(ဘ)ဦးမြင့်ဆွေ ၊ စက်ချုပ် ၊၈ / အလန(နိုင်)၁၂၄၄၂၂ ၊ ပျင်းပင်လှရွာ၊ အောင်လံမြို့နယ်မကွေးတိုင်းဒေသကြီးနေသူဖြစ်ကြောင်း သိရပါသည်။

မဝင်းသူဇာသည် မေလ (၁၃ )ရက်နေ့တွင်ညီမဖြစ်သူ မသက်ဝေဖြိုး၊ (၁၈)နှစ် (လှိုင်သာယာအထည်ချုပ်စက်ရုံတွင်လုပ်ကိုင်သူ)နှင့် အတူ အောင်လံမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ပြီး ၎င်း၏ ညီမဖြစ်သူနေထိုင်ရာ လှိုင်သာယာမြို့၊ အောက်ထိပ် ကားမှတ်တိုင်အနီး၊ ငုဝါလမ်းရှိ အဆောင်တွင် (၅)ရက်မျှ အတူထိုင်ခဲ့ကြောင်း၊
ထိုသို့ နေထိုင်စဉ် လွန်ခဲ့သော (၂)နှစ်ခန့် ကတည်းကFb ပေါ်တွင်ရင်းနှီးခဲ့ဖူးသူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ နေထိုင်သူWin Win Acc ပိုင်ရှင် (မွတ်ဆလင် လူမျိုး) တစ်ဦးနှင့် အဆက်သွယ်ရရှိခဲ့ကြောင်း ၎င်းမှ ထိုင်းနိုင်ငံအတွင်း၌ အလုပ်အကိုင် ပေါများပြီးအဆင်ပြေကြောင်း ပြောပြသဖြင့် အလုပ်လုပ်ရန်အတွက်မေလ(၈)ရက်နေ့ ညပိုင်းတွင် အမည်မသိ မွတ်ဆလင်လူမျိုးကျား(၂)ဦးမှ ကားဖြင့်လာရောက် ခေါ်ဆောင်ခဲ့ပြီး၊ မေလ (၉)ရက် ညပိုင်းတွင် မြဝတီမြို့ ၊အမှတ်(၂)ရပ်ကွက် သဲပုံဂိတ်မှ တဆင့် ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့သို့ ဆက် လက် သွားရောက်ခဲ့ကြောင်း ပြောပြသိရှိရသည်။
မဲဆောက်မြို့၌ နေထိုင်စဉ် Win Win Acc ပိုင်ရှင် မွတ်ဆလင် လူမျိုးမှယင်းတို့၏ အစ္စလာမ်ဘာသာသို့ ဝင်ရောက်ရန်နှင့်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းသွားမည် ဟုဆိုကာ စည်းရုံးသိမ်းသွင်းခဲ့ပြီး ထိုအ ကြောင်းခြင်းရာများအား လက်မခံနိုင်သဖြင့် မြဝတီမြို့ဘက်သို့ ပြန်လည်ထွက်ပြေးလာခဲ့ပါကြောင်း ပြောပြခဲ့သည်။
သို့ဖြစ်၍ မေလ (၁၂)ရက်နေ့ ည(၆)နာရီကျော် အချိန်တွင် မဝင်းသူဇာအား အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ရွှေမြဝတီဈေး၊ Quaritine စခန်းသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ယခုဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့်Covid-19 ကူးစက်ရောဂါပြန့်ပွားနေချိန် နှစ်နိုင်ငံချစ်ကြည်ရေးတံတားများ ပင်ပိတ်ထားပြီး လူသွားလာမှုကန့်သတ်ကာ ပြည်တော်ပြန်များအားလည်းထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ်(၂)မှ သတ်မှတ်ချိန် အတွင်းကြိုဆိုနေသော်လည်း ယခုကဲ့သို့မလွယ်ပေါက်များမှ လူများကူးလူးသွားလာဖြတ်သန်း၍ရနေကြောင်းတွေ့ရှိခဲ့ရသည်။
သတင်းဓါတ်ပုံ-မြတ်ကို(ဒေါနမြေ)

0 comments:

Post a Comment