Friday, May 15, 2020

မြန်မာနိုင်ငံသား (၁၃၁)ဦး တို့ပါရှိသော ကယ်ဆယ်ရေးလေယာဉ် ကိုရီးယားနိုင်ငံမှ ထွက်ခွာ

Image may contain: one or more people and indoor

ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားနိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး၊ မဖြစ်မနေ အပြီးပြန်လည် ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန်အတွက် တတိယအကြိမ်ကယ်ဆယ်ရေးလေယာဉ် (Relief Flight)ကို မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)ဖြင့် (၁၅-၅-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြည်လည်ပို့ဆောင်ပေးခဲ့ပါသည်။

ယင်းကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား(၆၈)ဦး၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု၊ အီတလီနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ လာရောက်လိုက်ပါသည့် မြန်မာနိုင်ငံသား (၆၃)ဦး၊ စုစုပေါင်း (၁၃၁)ဦး တို့ပါရှိပါသည်။
ကယ်ဆယ်ရေးလေယာဉ်(Relief Flight)များ စီစဉ်ဆောင်ရွက်ရာ၌ အခြေစိုက်နိုင်ငံများ၏ လတ်တလောထုတ်ပြန်ထားသော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာကာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်၍ စီစဉ်ရ ခြင်းဖြစ်ပါကြောင်းနှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့်လည်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများ အမိမြန်မာနိုင်ငံသို့ အဆင်ပြေစွာ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရ၏လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ချိတ်ဆက်ပူးပေါင်းကာ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသိရပါသည်။
Image may contain: one or more people, shoes and indoor
Image may contain: one or more people and indoor
Image may contain: one or more people, people standing and basketball court
Image may contain: one or more people, people standing and indoor
crd- မြန်မာသံရုံး၊ ဆိုးလ်မြို့ #Myanmar_Online_News

>>zawgyi<<
မြန်မာနိုင်ငံသား (၁၃၁)ဦး တို့ပါရှိသော ကယ်ဆယ်ရေးလေယာဉ် ကိုရီးယားနိုင်ငံမှ ထွက်ခွာ
Friday, May 15, 2020

ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားနိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး၊ မဖြစ်မနေ အပြီးပြန်လည် ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန်အတွက် တတိယအကြိမ်ကယ်ဆယ်ရေးလေယာဉ် (Relief Flight)ကို မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)ဖြင့် (၁၅-၅-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြည်လည်ပို့ဆောင်ပေးခဲ့ပါသည်။
ယင်းကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား(၆၈)ဦး၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု၊ အီတလီနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ လာရောက်လိုက်ပါသည့် မြန်မာနိုင်ငံသား (၆၃)ဦး၊ စုစုပေါင်း (၁၃၁)ဦး တို့ပါရှိပါသည်။
ကယ်ဆယ်ရေးလေယာဉ်(Relief Flight)များ စီစဉ်ဆောင်ရွက်ရာ၌ အခြေစိုက်နိုင်ငံများ၏ လတ်တလောထုတ်ပြန်ထားသော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာကာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်၍ စီစဉ်ရ ခြင်းဖြစ်ပါကြောင်းနှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့်လည်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများ အမိမြန်မာနိုင်ငံသို့ အဆင်ပြေစွာ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရ၏လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ချိတ်ဆက်ပူးပေါင်းကာ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသိရပါသည်။
crd- မြန်မာသံရုံး၊ ဆိုးလ်မြို့ #Myanmar_Online_News

0 comments:

Post a Comment