Saturday, May 9, 2020

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်မောင်လုပ်တဲ့ ပူရီကို ချီးမွမ်းခန်းဖွင့်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

Image may contain: text
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်မောင်ကို ချစ်ခင်လေးစားစရာအကြောင်း များစွာရှိပါတယ်။ ဒီအကြောင်းများစွာထဲမှာ ယခုလို မတွေ့ဘူး မကြုံဘူးတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်အတွက် တန်ဖိုးအရှိဆုံးကတော့ တွေ့ကြုံရတဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို အကျိုးရှိအောင်သုံးတတ်ခြင်းပါပဲ။

များပြား ထူးခြားလှတဲ့ ဆရာ့ရဲ့ အတွေ့အကြုံတွေအကြောင်း ဆရာသာလျှင် ပြည့်ပြည့်စုံစုံ ပြောနိုင်မှာပါ။ ကျွန်မကတော့ ယခု covid အခြေအနေရဲ့ ရှုထောင့်က မြင်တဲ့ ကိစ္စလေး တစ်ခုအကြောင်းပဲ ပြောချင်ပါတယ်။
ယခုဆရာက ဆေးကုသမှုခံဖို့ ဘန်ကောက်မှာ ရောက်နေပါတယ်။ Covid နဲ့ပတ်သက်တဲ့ စည်းမျဉ်းအရ quarantine လည်း ခံခဲ့လိုက်ရပါသေးတယ်။ ကုသမှုကလည်းကြာပါတယ်။ အလုပ်တာဝန်တွေ မထမ်းဆောင်နိုင်တဲ့ အချိန်တွေကို အလကား မဖြစ်စေဘူး။ Internet က သင်ယူနိုင်တာတွေ သင်ယူတယ်။ အဲ့ဒီသင်ယူခဲ့တာတွေထဲမှာ ကျွန်မသဘောအကျဆုံးကတော့ အာလူးပူရီ လုပ်နည်းပါပဲ။
လိုအပ်တဲ့ပစ္စည်းပစ္စယတွေကို ချစ်ဇနီးက ဝယ်ပေးရုံမက၊ စားပြီးတဲ့နောက် ကောင်းလိုက်တာဆိုပြီး ဟိမဝန္တာချီးမွန်းခမ်း ဖွင့်ပါတော့တယ်။ ဆက်ပြီးလဲပြောလိုက်ပါသေးတယ်။ “သူလုပ်ပေးတာ စားဖူးတာ(၂)ခါဘဲရှိပါတယ်။ လက်ထပ်ပြီး အလုပ်ဝင်ခါစ၊ ရွာသစ်ကြီးတီုက်နယ်ဆေးရုံတာဝန်ကျလို့ လိုက်သွားတော့ ဘာမှစားစရာမရှိလို့ ဆီထမင်းထိုးကျွေးဖူးပါတယ်ရှင့်။ အခုတခါ စိတ်လိုလက်ရ လုပ်ကျွေးတာပါရှင့်။”
ဆရာဘယ့်လောက် တော်လဲ။ ခက်ခဲတဲ့ အခြေအနေထဲက သူတစ်ပါး စိတ်ချမ်းသာအောင်လုပ်ပေးနိုင်တယ်။ စားရတဲ့ဇနီးသည် ကျေနပ်နေတာ ကြားရတဲ့ ကျွန်မက သဘောကျလွန်းလို့ ဆရာတို့နှစ်ယောက် ခွင့်ပြုချက်နဲ့ ဒီအကြောင်းလေး ရေးလိုက်ရတာပါ။
ကျွန်မတို့တွေ အတူဖြတ်သန်းနေရတဲ့ covid အခက်အခဲကာလကြီးမှာ တတ်နိုင်သ၍ သုခချမ်းသာတွေ ပွါးပေးကြပါ။ အင်မတန် တန်ဖိုးရှိပါတယ်။
မနက်ဖြန် တနင်္ဂနွေနေ့ Facebook ကို အနားပေးပါမယ်။
Image may contain: food
Crd : Aung San Suu Kyi'Fb #Myanmar_Online_News

0 comments:

Post a Comment