Sunday, May 17, 2020

မူဆယ်မြို့၊ သချႋုင်းအနီး၌ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

No photo description available.

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မေ ၁၆ ရက် ည ၇ နာရီခန့်တွင် မူဆယ်မြို့အစွန် သင်္ချိုင်းအနီး၌ ရှာဖွေစစ်ဆေးရာအမှိုက်ကျင်းအတွင်းမှ မြေစာများဖြင့် ဖုံးအုပ်ထားပြီး ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသည့် ပါရိအမျိုးအစား မောင်းပြန်ရိုင်ဖယ် ၁ လက်၊ အမ် ၂၂ မောင်းပြန် ရိုင်ဖယ် ၃ လက်၊ အမ် ၂၂ ကျည် ၁၀၂ တောင့်၊ ပါရိကျည်အိမ် ၁ ခုနှင့် အမ် ၂၂ ကျည်အိမ် ၃ ခုတို့အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာတစ်ဝိုက်အား ဆက်လက်ရှာဖွေရာ ၎င်းနေရာ၏ အနောက်မြောက်ဘက်မီတာ ၅၀၀ ခန့်အကွာ တဲပျက်နေရာ၌ ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသော ဘာရက်တာပစ္စတို (ပွိုင့်-၂၅) ၁ လက်၊ ဘာရက်တာပစ္စတို (ပွိုင့်-၂၅)ကျည် ၇ တောင့်၊ ဘာရက်တာပစ္စတိုကျည်အိမ် ၁ ခု၊ လူဂါပစ္စတို ၁ လက်၊ လူဂါပစ္စတိုကျည်အိမ် ၁ ခု၊ ကြိုးဆွဲလက်ပစ်ဗုံး ၃ လုံး၊ လက်ပစ်ဗုံး(အသေး)(ဖြူ့စ်ပါ) ၂ လုံးတို့အား ထပ်မံ သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ခဲယမ်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြနချက်အရ သိရသည်။

>>zawgyi<<
မူဆယ်မြို့၊ သချႋုင်းအနီး၌ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ
Sunday, May 17, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မေ ၁၆ ရက် ည ၇ နာရီခန့်တွင် မူဆယ်မြို့အစွန် သချႋုင်းအနီး၌ ရှာဖွေစစ်ဆေးရာအမှိုက်ကျင်းအတွင်းမှ မြေစာများဖြင့် ဖုံးအုပ်ထားပြီး ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသည့် ပါရိအမျိုးအစား မောင်းပြန်ရိုင်ဖယ် ၁ လက်၊ အမ် ၂၂ မောင်းပြန် ရိုင်ဖယ် ၃ လက်၊ အမ် ၂၂ ကျည် ၁၀၂ တောင့်၊ ပါရိကျည်အိမ် ၁ ခုနှင့် အမ် ၂၂ ကျည်အိမ် ၃ ခုတို့အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာတစ်ဝိုက်အား ဆက်လက်ရှာဖွေရာ ၎င်းနေရာ၏ အနောက်မြောက်ဘက်မီတာ ၅၀၀ ခန့်အကွာ တဲပျက်နေရာ၌ ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသော ဘာရက်တာပစ္စတို (ပွိုင့်-၂၅) ၁ လက်၊ ဘာရက်တာပစ္စတို (ပွိုင့်-၂၅)ကျည် ၇ တောင့်၊ ဘာရက်တာပစ္စတိုကျည်အိမ် ၁ ခု၊ လူဂါပစ္စတို ၁ လက်၊ လူဂါပစ္စတိုကျည်အိမ် ၁ ခု၊ ကြိုးဆွဲလက်ပစ်ဗုံး ၃ လုံး၊ လက်ပစ်ဗုံး(အသေး)(ဖြူ့စ်ပါ) ၂ လုံးတို့အား ထပ်မံ သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ခဲယမ်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြနချက်အရ သိရသည်။

0 comments:

Post a Comment