Friday, May 15, 2020

ကလေးမြို့ဆေးရုံမှ ကိုဗစ်အတည်ပြုလူနာ(၃)ဦး ဆေးရုံဆင်းခွင့်ရပြီး ကျန်တဲ့ လူနာနှစ်ဦးလည်း ကျန်းမာရေးကောင်းမွန်

Image may contain: 2 people, people standing

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြုလူနာ(၃)ယောက်ရဲ့ ဓာတ်ခွဲနမူနတွေကိုစစ်ဆေးခဲ့ရာမှာ နှစ်ကြိမ်ဆက် ပိုးမတွေ့ရ (Negative) အဖြေထွက်ခဲ့တာကြောင့် မေ(၁၅) ရက်မနက်ပိုင်းက ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခ)ဒေါရှားမီးက ပြောပါတယ်။

ကလေးဆေးရုံမှာ ကုသမှုခံယူနေတဲ့ လူနာအမှတ် (၁၁၅ ၊ ၁၁၆၊ ၁၁ရ) တို့ရဲ့ ဓာတ်ခွဲနမူနာတွေကို မေ(၁၄)ရက်က ဒုတိယအကြိမ် စစ်ဆေးခဲ့ရာမှာ ရောဂါပိုးမတွေ့ရ (Negative) အဖြေရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီလူနာတွေဟာ နေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှု Home Quarantine (၁၄)ရက် ဆက်လက်နေထိုင်ရမှာဖြစ်ပြီး အဲဒီလိုနေထိုင်ပြီးရင် ကျန်းမာရေးအခြေအနေကို တစ်ကြိမ် စစ်ဆေးဦးမှာဖြစ်တယ်လို့ဆိုပါတယ်။
"ကျန်တဲ့ ကလေးမြို့က လူနာအမှတ် ၈၈နဲ့ ၁၁၄ တို့ဟာလည်း ကျန်းမာရေးကောင်းမွန်ပါတယ်။ ဒါပေမယ့်သူတို့က Negative မထွက်သေးဘူး။ Negative ထွက်မယ်လို့ မျှော်လင့်ထားပါတယ်။ လူနာအမှတ်(၁၁၄)က Negative တစ်ကြိမ်တော့ထွက်ပြီးပြီ။ ဒုတိယအကြိမ်မှာ Positive ပြန်ပြပါတယ်"လို့ ဒေါ်အေးအေးမူ(ခ)ဒေါရှားမီးက ပြောပါတယ်။ ကလေးဆေးရုံက နှစ်ကြိမ်ဆက်ပိုးမတွေ့ရ ဓာတ်ခွဲအဖြေထွက် လူနာအမှတ်(၇၄) အမျိုးသမီးက တော့ မေ(၈)ရက်ကတည်းက ဆေးရုံဆင်းခွင့်ရခဲ့ပြီး နေအိမ်မှာ Home Quarantine နေထိုင်နေပါတယ်။
crd-One News Myanmar #Myanmar_Online_News

>>zawgyi<<
ကလေးမြို့ဆေးရုံမှ ကိုဗစ်အတည်ပြုလူနာ(၃)ဦး ဆေးရုံဆင်းခွင့်ရပြီး ကျန်တဲ့ လူနာ နှစ်ဦးလည်း ကျန်းမာရေးကောင်းမွန်

0 comments:

Post a Comment