Monday, May 11, 2020

တောင်တွင်းကြီးမြို့နယ်မှ မြေတိုင်းဝန်ထမ်း ၁ ဦးအား အဂတိလိုက်စားမှုဖြင့်အရေးယူ

No photo description available.
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန မြေတိုင်း(၄) ဦးမင်းမင်းလတ် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မေ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ မြေတိုင်း(၄) ဦးမင်းမင်းလတ်သည် တောင်တွင်းကြီးမြို့နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရေး လျှောက်ထားတဲ့ကိစ္စများတွင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ ငွေကြေးပေးခဲ့ရဖြင့် အရေးယူပေးဖို့ ကော်မရှင်သို့ တိုင်ကြားလာတာနဲ့ ပတ်သက်ပြီး စုံစမ်း အရေးယူလိုက်တာ ဖြစ်ကြောင်း သိရသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ မြေတိုင်း(၄) ဦးမင်းမင်းလတ်ဟာ တောင်တွင်းကြီး မြို့နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရေး လျှောက်ထားတွေထံက စုစုပေါင်း ငွေကျပ် ( ၂, ၂ ၂၀,၀၀ဝ) ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့တာ စစ်ဆေးတွေ့ရှိရတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာဖော်ပြထားသည်။
ခုလိုရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ သူ့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တောင်တွင်းကြီး မြို့မရဲစခန်းမှာ မေလ ၁၁ ရက်က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
Source : DVB

0 comments:

Post a Comment