Monday, May 11, 2020

ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တတိယမြောက်အများဆုံးနိုင်ငံ ဖြစ်လာသည့် ရုရှား

Image may contain: 1 person

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ စံချိန်တင်မြင့်တက်လာပြီး၊ အခုလ(၁၁)ရက်နေ့က အီတလီနဲ့ ဗြိတိန်နိုင်ငံတို့ကို ကျော်လွန်သွားခဲ့ပြီးနောက် ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တတိယမြောက်အများဆုံးနိုင်ငံ ဖြစ်လာတယ်လို့ CNA သတင်းမှာဖော်ပြထားပါတယ်။

နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေသူတွေနဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေအားလုံံးရဲ့ ထက်ဝက်ကျော်ဟာလည်း မော်စကိုမြို့မှာဖြစ်ပြီး၊ မော်စကိုမြို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဆိုက်မှု ဗဟိုချက်နေရာလိုဖြစ်နေပါတယ်။
အခုလ(၁၁)ရက်နေ့စာရင်းအရ ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်းဟာ (၂၂၁၃၄၄)ဦး ရှိလာပြီး၊ သေဆုံးသူစုစုပေါင်းကတော့ (၂၀၀၉)ဦး ရှိသွားပြီဖြစ်ပါတယ်။ရုရှားနိုင်ငံမှာ လွန်ခဲ့တဲ့ (၂၄)နာရီအတွင်းမှာကို ဗိုင်းရပ်စ်ကူးစက်သူဟာ (၁၁၆၅၆)ဦး စံချိန်တင်တိုးလာခဲ့ပြီး၊ အီတလီနဲ့ ဗြိတိန်တို့ကို ကျော်လွန်သွားခဲ့တာဖြစ်ပါတယ်။
crd-onenewsmyanmar #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment