Sunday, May 17, 2020

တာလီဘန်များသည် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အထောက်အကူပြုမည်ဆိုလျှင် အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း အမေရိကန်ဆိုင်ရာ ပါကစ္စတန် သံအမတ် ပြောကြား


Image may contain: 1 person, suit
အာဖဂန်နစ္စတန်နိုင်ငံတွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ပျက်စီးနိုင်ခြင်း ရှိ/မရှိနှင့်ပတ်သက်၍ မေးခွန်းများ ပေါ်ထွက်လာခဲ့ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် တာလီဘန်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုမည်ဟု ယူဆပါက တာလီဘန်စစ်သွေးကြွ များနှင့် ဆွေးနွေးမှုပြုလုပ်သင့်ကြောင်း အမေရိကန်ဆိုင်ရာ ပါကစ္စတန် သံအမတ်မှ မေလ ၁၆ ရက်နေ့က ပြောကြားခဲ့ပါသည်။
အိန္ဒိယသတင်းစာတစ်ခုဖြစ်သည့် The Hindu နှင့် အင်တာဗျူးတစ်ခုတွင် “အိန္ဒိယ- တာလီဘန် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် သင့်တော်မည်ဖြစ်ကြောင်း “အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad မှ ပြောကြားခဲ့ ပါသည်။

အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံသည် ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည့်အချိန်မှစ၍ စစ်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ပါကစ္စတန်နိုင်ငံသည် တာလီဘန်များအပေါ် ဩဇာလွှမ်းမိုးမှုကို စောင့်ကြည့်ခဲ့ပါသည်။

ပါကစ္စတန်နိုင်ငံသည် နိုင်ငံအတွင်း အိန္ဒိယနိုင်ငံ၏ ဩဇာလွှမ်းမိုးမှုများကို ကာလ ကြာရှည် ခုခံခဲ့ပါသည်။

အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ် Asad Khan မှ “အိန္ဒိယနိုင်ငံအနေနဲ့ ဒီအကြံပြုချက်ကို တုံ့ပြန်ဖို့လိုပါတယ်” ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့ ပါသည်။

တာလီဘန်များနှင့် အိန္ဒိယ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ Asad Khan အား မေးမြန်းခဲ့ရာ ၎င်းမှ “အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုမည်ဟု ယူဆလျှင် မိမိတို့အနေဖြင့် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို လက်ခံမည်ဖြစ်ကြောင်း၊ သို့သော် သူတို့ဘာလုပ်သင့်တယ်၊ မလုပ် သင့်ဘူးဆိုတာကို မိမိတို့ ဆုံးဖြတ်မည်မဟုတ်ကြောင်း” ဟု ပြောကြားခဲ့ပါသည်။

၎င်းသည် တာလီဘန်များနှင့် အိန္ဒိယတွေ့ဆုံဆွေးနွေးမှု သို့မဟုတ် ပါကစ္စတန် နိုင်ငံသည် ထိုကဲ့သို့ လုပ်ဆောင်မှုကို သဘောကျမှုရှိ/မရှိနှင့်ပတ်သက်၍ ပြောကြား နေမှုကို ရပ်တန့်ခဲ့ပါသည်။ သို့သော် အိန္ဒိယနိုင်ငံနှင့်ပတ်သက်သည့် ပါကစ္စတန်နိုင်ငံ၏ မည်သည့် သဘောတူညီချက်မဆို အာဖဂန်နစ္စတန်နိုင်ငံတွင် မြင်တွေ့နိုင်ကြောင်း၊ ငြိမ်းချမ်းရေးကြိုးပမ်းမှုနှင့်အတူ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှု ကြီးထွားလာသည့် လက္ခဏာတစ်ခုအဖြစ် မြင်နိုင်ကြောင်းပြောကြားခဲ့ပါသည်။

အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ် Asad Khan မှ မကြာမီတွင် အာဖဂန် နစ္စတန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad နှင့် စကား ပြောဆိုရန် မျှော်လင့်ကြောင်း၊ ၎င်းနှင့်ပတ်သက်၍ အိန္ဒိယမီဒီယာများတွင် ဖော်ပြသွား မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

ပါကစ္စတန် အခြေစိုက်စစ်သွေးကြွအုပ်စုမှ အိန္ဒိယရဲတပ်ဖွဲ့အား တိုက်ခိုက်ခဲ့သည့် အတွက် နှစ်နိုင်ငံ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် လွန်ခဲ့သောနှစ်တွင် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အိမ်နီချင်းနိုင်ငံနှစ်နိုင်ငံသည် နောက်ထပ်စစ်ပွဲ တစ်ခုနှင့်နီးစပ်လာခဲ့ပါသည်

ပါကစ္စတန်နိုင်ငံသည် တာလီဘန်များအပေါ် ဩဇာလွှမ်းမိုးမှုများ ပြုလုပ်နေခြင်း ကို ရှောင်ရှားရန် ကြိုးပမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ၎င်းသည် ထိခိုက် လွယ်သည့် အခန်းကဏ္ဍမှပါဝင်နေပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံမှ ကာလအတန်ကြာ စွပ်စွဲခဲ့ပါသည်။

အင်္ဂါနေ့က အာဖဂန်နစ္စတန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှစ်ခုသည် အမေရိကန်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းနေမှုကို ရှုပ်ထွေးစေခဲ့ပါသည်။ တိုက်ခိုက်မှု တစ်ခုကြောင့် Kabul မြို့ရှိ ဆေးရုံတွင် ကလေးငယ် နှစ်ဦး အပါအဝင် ၂၄ ဦး သေဆုံးခဲ့ ပါသည်။ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကြောင့် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ အသုဘတစ်ခုတွင် လူ ၃၂ ဦး သေဆုံးခဲ့ပါသည်။

အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံမှ IS စစ်သွေးကြွအဖွဲ့အား ပြစ်တင်ဝေဖန်ခဲ့ပါသည်။

အဆိုပါတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အာဖဂန်နစ္စတန်သမ္မတ Ashraf Ghani သည် တာလီဘန်များအား ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်တပ်အား အင်္ဂါနေ့က အမိန့်ပေးခဲ့ပါသည်။
crd-Reuters #Myanmar_Online_News

>>zawgyi<<

တာလီဘန်များသည် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အထောက်အကူပြုမည်ဆိုလျှင် အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း အမေရိကန်ဆိုင်ရာ ပါကစ္စတန် သံအမတ် ပြောကြား
Sunday, May 17, 2020

အာဖဂန်နစ္စတန်နိုင်ငံတွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ပျက်စီးနိုင်ခြင်း ရှိ/မရှိနှင့်ပတ်သက်၍ မေးခွန်းများ ပေါ်ထွက်လာခဲ့ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် တာလီဘန်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုမည်ဟု ယူဆပါက တာလီဘန်စစ်သွေးကြွ များနှင့် ဆွေးနွေးမှုပြုလုပ်သင့်ကြောင်း အမေရိကန်ဆိုင်ရာ ပါကစ္စတန် သံအမတ်မှ မေလ ၁၆ ရက်နေ့က ပြောကြားခဲ့ပါသည်။

အိန္ဒိယသတင်းစာတစ်ခုဖြစ်သည့် The Hindu နှင့် အင်တာဗျူးတစ်ခုတွင် “အိန္ဒိယ- တာလီဘန် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် သင့်တော်မည်ဖြစ်ကြောင်း “အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad မှ ပြောကြားခဲ့ ပါသည်။

အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံသည် ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည့်အချိန်မှစ၍ စစ်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ပါကစ္စတန်နိုင်ငံသည် တာလီဘန်များအပေါ် ဩဇာလွှမ်းမိုးမှုကို စောင့်ကြည့်ခဲ့ပါသည်။

ပါကစ္စတန်နိုင်ငံသည် နိုင်ငံအတွင်း အိန္ဒိယနိုင်ငံ၏ ဩဇာလွှမ်းမိုးမှုများကို ကာလ ကြာရှည် ခုခံခဲ့ပါသည်။

အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ် Asad Khan မှ “အိန္ဒိယနိုင်ငံအနေနဲ့ ဒီအကြံပြုချက်ကို တုံ့ပြန်ဖို့လိုပါတယ်” ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့ ပါသည်။

တာလီဘန်များနှင့် အိန္ဒိယ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ Asad Khan အား မေးမြန်းခဲ့ရာ ၎င်းမှ “အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုမည်ဟု ယူဆလျှင် မိမိတို့အနေဖြင့် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို လက်ခံမည်ဖြစ်ကြောင်း၊ သို့သော် သူတို့ဘာလုပ်သင့်တယ်၊ မလုပ် သင့်ဘူးဆိုတာကို မိမိတို့ ဆုံးဖြတ်မည်မဟုတ်ကြောင်း” ဟု ပြောကြားခဲ့ပါသည်။

၎င်းသည် တာလီဘန်များနှင့် အိန္ဒိယတွေ့ဆုံဆွေးနွေးမှု သို့မဟုတ် ပါကစ္စတန် နိုင်ငံသည် ထိုကဲ့သို့ လုပ်ဆောင်မှုကို သဘောကျမှုရှိ/မရှိနှင့်ပတ်သက်၍ ပြောကြား နေမှုကို ရပ်တန့်ခဲ့ပါသည်။ သို့သော် အိန္ဒိယနိုင်ငံနှင့်ပတ်သက်သည့် ပါကစ္စတန်နိုင်ငံ၏ မည်သည့် သဘောတူညီချက်မဆို အာဖဂန်နစ္စတန်နိုင်ငံတွင် မြင်တွေ့နိုင်ကြောင်း၊ ငြိမ်းချမ်းရေးကြိုးပမ်းမှုနှင့်အတူ နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှု ကြီးထွားလာသည့် လက္ခဏာတစ်ခုအဖြစ် မြင်နိုင်ကြောင်းပြောကြားခဲ့ပါသည်။

အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ် Asad Khan မှ မကြာမီတွင် အာဖဂန် နစ္စတန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad နှင့် စကား ပြောဆိုရန် မျှော်လင့်ကြောင်း၊ ၎င်းနှင့်ပတ်သက်၍ အိန္ဒိယမီဒီယာများတွင် ဖော်ပြသွား မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

ပါကစ္စတန် အခြေစိုက်စစ်သွေးကြွအုပ်စုမှ အိန္ဒိယရဲတပ်ဖွဲ့အား တိုက်ခိုက်ခဲ့သည့် အတွက် နှစ်နိုင်ငံ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် လွန်ခဲ့သောနှစ်တွင် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အိမ်နီချင်းနိုင်ငံနှစ်နိုင်ငံသည် နောက်ထပ်စစ်ပွဲ တစ်ခုနှင့်နီးစပ်လာခဲ့ပါသည်

ပါကစ္စတန်နိုင်ငံသည် တာလီဘန်များအပေါ် ဩဇာလွှမ်းမိုးမှုများ ပြုလုပ်နေခြင်း ကို ရှောင်ရှားရန် ကြိုးပမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ၎င်းသည် ထိခိုက် လွယ်သည့် အခန်းကဏ္ဍမှပါဝင်နေပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံမှ ကာလအတန်ကြာ စွပ်စွဲခဲ့ပါသည်။

အင်္ဂါနေ့က အာဖဂန်နစ္စတန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှစ်ခုသည် အမေရိကန်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းနေမှုကို ရှုပ်ထွေးစေခဲ့ပါသည်။ တိုက်ခိုက်မှု တစ်ခုကြောင့် Kabul မြို့ရှိ ဆေးရုံတွင် ကလေးငယ် နှစ်ဦး အပါအဝင် ၂၄ ဦး သေဆုံးခဲ့ ပါသည်။ နောက်ထပ်တိုက်ခိုက်မှုတစ်ခုေကြာင့် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ အသုဘတစ်ခုတွင် လူ ၃၂ ဦး သေဆုံးခဲ့ပါသည်။

အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံမှ IS စစ်သွေးကြွအဖွဲ့အား ပြစ်တင်ဝေဖန်ခဲ့ပါသည်။

အဆိုပါတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အာဖဂန်နစ္စတန်သမ္မတ Ashraf Ghani သည် တာလီဘန်များအား ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်တပ်အား အင်္ဂါနေ့က အမိန့်ပေးခဲ့ပါသည်။
crd-Reuters #Myanmar_Online_News

0 comments:

Post a Comment