Monday, May 18, 2020

အပူပိုင်းဒေသ ဆိုင်ကလုန်းမုန်တိုင်း “အမ်ပန် “ ဘင်္ဂလားဒက်ရ်ှအား ဗုဒ္ဓဟူးနေ့ ညနေ ဖြတ်မည်ဟု လောလောဆယ် ခန့်မှန်း

No photo description available.

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် အင်အားပြင်းထန်သော အပူပိုင်းဒေသ ဆိုင်ကလုန်းမုန်တိုင်း “အမ်ပန် “ ၏ လောလောဆယ်တည်ရှိနေပုံအရ ဘင်္ဂလားဒက်ရ်ှနိုင်ငံအား လာမည့် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် ၀င်ရောက်ဖွယ်ရှိသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ ရေးသားသည်။

ဆိုင်ကလုန်းမုန်တိုင်း “အမ်ပန် “ သည် ဗုဒ္ဓဟူးနေ့တွင် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ဆာဂါနှင့် ဟာတီယာကျွန်းမျာအနီးမှ ဖြတ်သန်း၍ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်ဖွယ်ရှိကြောင်း အိန္ဒိယမိုးလေ၀သဋ္ဌာနက ခန့်မှန်းထားသည်ဆို၏။
ဘင်္ဂလားပင်လယ်အော်ရှိ “ အန်ပန်“ သည် အင်အားပိုမိုပြင်းထန်လာပြီး မြောက်-အနောက်ဖက်သို့ ဦးတည်ရွေ့လျားနိုင်ဖွယ်ရှိသည်။ မိုးသက်မုန်တိုင်းကျစဉ် မုန်တိုင်း၏ ဗဟိုချက်မှ ၄၅ မိုင်ခန့်အတွင်း တစ်နာရီလျှင် ၆၈-မိုင် နှုန်းဖြင့် လေပြင်းများ တိုက်ခတ်နိုင်သည်။ လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၈၀ နှုန်းအထိ မြင့်တက်နိုင်၍ ပင်လယ်ပြင်တွင် လှိုင်းလေ အလွန်ပြင်းထန်မည်ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
(( ဘင်္ဂလားပင်လယ်အော် မုန်တိုင်းတို့သဘာ၀မှာ ယခုအတိုင်း မြောက်ဖက်သို့ တည့်တည့်တက်ခြင်းမျိုး ယခင် က ဖြစ်ဖူးသော်လည်း ှရှားပါးလေ့ရှိပါသည်။ လေဖိအားနည်းရာသို့ ဦးတည်ရွေ့လျှားလေ့ရှိပါသည်။ လေဖိအား မည်သို့ ပြောင်းလဲမည်ဆိုခြင်းကို ကြိုတင်ခန့်မှန်းနိုင်ကြပြီဖြစ်သော်လည်း အတိအကျပြောနိုင်ခြင်းမရှိပါ။ နာရီနှင့်အမျှ ပြောင်းလဲလေ့ရှိပါသဖြင့် သက်ဆိုင်ရာ မိုးလေ၀သသတင်းထုတ်ပြန်ချက်များအား စောင့်မျှော် လေ့လာသင့်ပါသည်။ ။ 
No photo description available.
သတင်းဘာသာပြန်သူ ))
Source : Dhaka Tribune., May 17, 2020, “Cyclone Amphan likely to hit Bangladesh Wednesday.”
Ref : HtayOung / OungMarine #Myanmar_Online_News

0 comments:

Post a Comment