Wednesday, May 13, 2020

လေဖိအားနည်းရပ်ဝန်းသည် နောက်နှစ်ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်

Image may contain: cloud
"ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေကာ၊ (၁၅.၅.၂၀၂၀)ရက်နေ့တွင် မုန်တိုင်းငယ် (Depression)အဆင့်သို့လည်းကောင်း၊ (၁၆.၅.၂၀၂၀)ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့လည်းကောင်း ရောက်ရှိနိုင်ပါသည်။ 
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီးနောက်၊ ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့ လျားကာ၊ (၁၇.၅.၂၀၂၀)ရက်နေ့ နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့နိုင်သည်ဟု ခန့်မှန်းရပါသည်။ "
မိုးဇလ

0 comments:

Post a Comment