Saturday, May 9, 2020

လားရှိုးမြို့တွင်ရေတွင်းတူးရာမှ အောက်ဆီဂျင်ပြက်ကာ လူ(၃)ဦးသေဆုံး

လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ အေတီအနီး၊အောင်သစ္စာတိုးချဲ့ရပ်ကွက်တွင်ရေတွင်းတူးရင်းအောက်ဆီဂျင်ပြတ်ပြီး လူ(၃)ဦးသေဆုံးကာ (၂)ဦး ကယ်လိုက်နိုင်ကြောင်းလဲသိရ။
ဆယ်ယူနိုင်သူအချို့အား ပရဟိတအသင်းကားများဖြင့် လားရှိုးဆေးရုံသို့ အချိန်မီ ပို့ဆောင်ထားကြောင်းသိရ။(၉-၅-၂၀၂၀) နေ့လည်(၁:၀၀)နာရီအချိန်
++++++++++++++++++++++++
ရေတွင်းထဲသို့ ပထမ(၂)ဦး ဆင်းဆယ်စဉ် အောက်ဆီဂျင်ပြတ်၍ အကူအညီပေးနိုင်ရန်အတွက် နောက်ထပ်(၃)ဦးမှ ဆင်းသွားရာ လူ(၅)ဦးလုံး အောက်ဆီဂျင်ပြတ်ပြီး တွင်းထဲမှ ပြန်မတက်နိုင်ပဲရှိနေကြောင်း၊ ပတ်ဝန်းကျင်မှ ပရဟိတအဖွဲ့များသို့ ချိတ်ဆက်အကူအညီတောင်းခဲ့သဖြင့် ပရဟိတအသင်းကားများနှင့် မီးသတ်တပ်ဖွဲ့ကယ်ဆယ်ရေးယာဉ်တို့ဖြင့် သွားရောက်ခဲ့ကြကြောင်းသိရသည်။
အခင်းဖြစ်နေရာသို့အရောက်တွင် မီးသတ်တပ်ဖွဲ့ဝင်များက ရေတွင်းထဲသို့ဆင်းပြီး လူများအား သယ်ထုတ်ပေးနိုင်ခဲ့သော်လဲ (၃)ဦး သေဆုံးကြောင်းသိရသည်။
Image may contain: one or more people and outdoor
Image may contain: outdoor
No photo description available.
Image may contain: one or more people, people standing and outdoor
No photo description available.
Credit Nay Myo

0 comments:

Post a Comment