Friday, May 15, 2020

ဝန်ကြီးဌာန၏ အလွှာအလိုက် ကောက်ယူသည့်စနစ်ကြောင့် ယူနစ် ၁၅၀ အတွက် မီတာခထဲမှ ဝန်ဆောင်ခ အပါအဝင် ကျပ် ၁၁၅၅၀ ကို အခမဲ့ ခံစားပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ဟု လျှပ်စစ်/စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူ ပြောကြား


Image may contain: one or more people and people standing
ဝန်ကြီးဌာန၏ အလွှာအလိုက် မီတာခ ကောက်ယူသည့်စနစ်ကြောင့် ယူနစ် ၁၅၀ အတွက် မီတာခထဲမှ ဝန်ဆောင်ခ အပါအဝင် ကျပ် ၁၁၅၅၀ ကို အခမဲ့ ခံစားပိုင်ခွင့် ခွင့်ပြု ပေးခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။
မေ ၁၅ ရက်က နေပြည်တော်ရှိ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနရုံးတွင် ကျင်းပသည့် ဝန်ကြီးဌာန၏သတင်းထုတ်ပြန်ခြင်း အခမ်းအနားတွင် မီတာယူနစ် ၁၅၀ အစားကျပ် ၁၁၅၅၀ လျှော့ပေးခြင်းနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“နောက်တစ်ပိုင်းက ၁၅၀ ယူနစ်ကို စပြီးတော့ နှုန်းထားသတ်မှတ်သွားကတည်းကိုက ပြည်သူကို ကြေညာကတည်းက ဒီအတိုင်း အသေးစိတ်ထည့်ပြီး ကြေညာခဲ့တာပါ။ ၁၅၀ ယူနစ်ကို လျော့ပေးတယ်။ ကော်မတီကတော့ မူဝါဒနဲ့ ၁၅၀ ယူနစ်လို့ သုံးတယ်။ ကျွန်တော် တို့က ကော်မတီရဲ့ ညွှန်ကြားချက်ကို လိုက်နာ ပေးရတဲ့ အစိုးရရဲ့ ဝန်ကြီးဌာနပါ။ ကျွန်တော် တို့က ကျွန်တော်တို့ရဲ့ လုပ်ထုံးလုပ်နည်းတွေ ကို ပြန်လိုက်နာရပါတယ်။ ဒီလိုက်မှုပေါ်မူ တည်တဲ့အခါကျတော့ အလွှာလိုက် သတ်မှတ် ချက်တွေရှိတယ်။ ၁၅၀ ယူနစ်ကို လျော့ပြီး တော့ ဟိုကို ပြန်သွားလို့ဆိုတာမရဘူး။ ကျွန် တော်တို့ရဲ့ ဘေလ်စနစ်ကိုက ၁ ကနေ ၃၀ အထိက ၃၅ ကျပ်၊ ၃၁ ကနေ ၅၀ အထိက ၅၀၊ ဘာဖြစ်လို့လဲဆိုတော့ အဲလိုပြန်သွားလိုက်ရင် စာရင်းစစ် ကန့်ကွက်ချက်ဖြစ်မယ်။ ပြီးတော့ ရတဲ့ငွေဆိုတာလည်း ကျွန်တော်တို့ ငွေမဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ ရငွေပါပဲ။ နိုင်ငံတော်ရဲ့ရငွေကို စနစ်တကျရှိဖို့အတွက် နဂိုတုန်းက ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်ကို အခြေခံပြီးတော့မှ ဘဏ္ဍာရေးဆိုင်ရာ စည်း မျဉ်းစည်းကမ်းနဲ့ ကိုက်ညီအောင် ဒီလို ဇယားထဲကနေ ဒီလိုလျှော့ရတာပါ” ဟု ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။

လက်ရှိ ကောက်ယူနေသည့် စနစ်သည် ၁၅၀ ယူနစ်လျော့မှ ကောက်ယူသည့် စနစ် မဟုတ်ဘဲ အလွှာအလိုက်သတ်မှတ်ချက်ကို ဇူလိုင် ၇ ရက်က စတင်သတ်မှတ် ခဲ့ခြင်းဖြစ် ကြောင်း ၎င်းင်းက ပြောကြားသည်။

ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့် က “ဆိုလိုတဲ့သဘောက သာမန်အားဖြင့်ပြောရင်တော့ ၃၀၀ ယူနစ်ရှိတယ်ဗျာ၊ ၁၅၀ လျှော့ လိုက်၊ ၁၅၀ ပဲကျန်တယ်။ ၁၅၀ ကျန်တာ ဒီလိုတွက်ရင်မရဘူးလားဆိုတော့ ကျွန်တော် တို့ရဲ့ ယခင်ကတည်းက ပြဋ္ဌာန်းထားတဲ့နှုန်းထားက ၁၅၀ အထက်မှန်သမျှ အားလုံးက ၁၂၀ နဲ့ ဆောင်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကရှိ နေတယ်။ ဒါက နိုင်ငံတော်ရငွေကို သွားမယ့် ပြဋ္ဌာန်းချက်။ ဆိုလိုတာက ကျွန်တော်တို့ လျှပ် စစ်စွမ်းအင်ဝန်ကြီးဌာနတစ်ခုတည်း ရတာ မဟုတ်ဘူး။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို သွား မှာ။ အဲဒီလို ပြဋ္ဌာန်းချက်ရှိတာကိုမှ ခုနက ပြောသလို လျှော့လိုက်ရင်စာရင်း စစ်ကန့် ကွက်ချက်ဖြစ်မယ်။ ကျွန်တော်တို့ရဲ့ လုပ်ထုံး လုပ်နည်းက ဒီအတိုင်းရှိနေတာကို။ ဒီအတိုင်း ရှိနေတဲ့အတွက် ကျွန်တော်တို့က စပြီးတော့ ပြည်သူကို တင်ပြကတည်းက ဒီလိုတော့ ၁၅၀ ယူနစ် လျှော့ပါတယ်။ လျှော့တဲ့နေရာမှာ ငွေ ၁၁၅၅၀ ကို အခမဲ့ ခံစားပိုင်ခွင့်ရှိပါတယ်ဆိုတဲ့ တစ်ပိုဒ်ကို သီးခြားတောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် မီတာဘေလ်ထဲမှ ၁၁၅၅၀ ကျပ် လျော့မည်ဆိုလျှင် ဘေလ်ထွက်လာချိန်တွင် ဝန်ဆောင်ခဆိုသည့် အပိုင်းပါဝင်နိုင်ခြင်း ကြောင့် ၁၁၅၅၀ အပြည့်ထည့်လိုက်ပါက ဝန်ဆောင်ခ ၅၀၀ ကျပ်နှင့် ပြည်သူများ လာ ရောက်ဆောင်နေခြင်းများ ရှိနိုင်သည့်အ တွက် ဝန်ဆောင်အပါအဝင်ကို ခွင့်ပြုချက်ရရှိ ရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းင်းကပြော ကြားသည်။

“ကျွန်တော်တို့ ဝန်ကြီးဌာနဆိုတာ ပြည်သူ့ရဲ့ငွေကို ကောက်ပေးတယ်။ ပြည်သူ့ရဲ့ ဘဏ္ဍာထဲကို ထည့်ပေးတဲ့ ကိုယ်စားလှယ်ပါပဲ။ ကျွန်တော်တို့က ဒီငွေတွေကို ရအောင်ယူ လိုက်မယ်။ ကျွန်တော်တို့ ပိုက်ထားလို့လည်း မရဘူး။ ကျွန်တော်တို့က အစိုးရအဖွဲ့အစည်း၊ ပြီး တော့ ပြည်သူ့ဘဏ္ဍာကို အပ်ရမယ်။ ကျွန် တော်တို့ရဲ့ လုပ်ထုံးလုပ်နည်းကိုက နဂိုက တည်းက သတ်မှတ်ထားတဲ့ နှုန်းထားကိုက တင်ပြပါအတိုင်း အလွှာလိုက်တွေ သတ်မှတ် ထားတဲ့ဟာ ဖြစ်နေတယ်။ အဲဒါကြောင့်မလို့ ကျွန်တော်တင်ပြခဲ့သလို ၃၀၀ ထဲက ၁၅၀ ကို ဘာကြောင့် ယူနစ်ကို မလျှော့တာလဲဆိုရင် ကျွန်တော်တို့ရဲ့ လုပ်ပုံ၊ စနစ်ကိုက ဒီအတိုင်း အခြေခံထားလို့ ဒီအတိုင်းဖြတ်ရတာပါ။ ဒီအ တိုင်း လျှော့ပေးရတာပါလို့ တင်ပြလိုပါတယ်” ဟု ဦးစိုးမြင့်က ပြောကြားသည်။

လျှပ်စစ်မီတာခများကို ယူနစ် ၁၅၀ အစား ၁၁၅၅၀ ကျပ် အခမဲ့ခံစားခွင့်ပြုခဲ့သည် မည်သို့ ဆုံးဖြတ်ခဲ့သည်ကိုသိရှိလိုကြောင်း မေးမြန်းမှုကို “ကျွန်တော်တို့ လျှပ်စစ်ဥပဒေ အပိုဒ် ၄၁ ဆိုတာ ရှိပါတယ်။ အဲဒီ လျှပ်စစ် ဥပဒေ အပိုဒ် ၄၁ မှာ လျှပ်စစ်ဓာတ်အားခ ပြောင်းလဲမှုတွေရှိရင်၊ လျှပ်စစ်ဓာတ်အားခကို အတိုးအလျော့ လုပ်သည်ဖြစ်စေ သက်ဆိုင် ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ မှ လုပ်လို့ရပါတယ်” ဟု ဦးစိုးမြင့်က ပြန်လည် ဖြေကြားခဲ့သည်။

ပြည်သူအများသုံးစွဲသည့်ယူနစ်ကို အခြေပြုတွက်ချက်၍ ယူနစ် ၁၅၀ အားမည် သည့်အမျိုးအစားအထိ အသုံးပြုနိုင်ခြင်းရှိ မည်၊ မည်သို့သော မိသားစုအထိအကျုံးဝင် မည်ကို အဆိုပြုတင်ပြပြီး ပြည်ထောင်စုအစိုး ရ၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း ၎င်းက ပြောကြားသည်။
Ref ; Eleven

0 comments:

Post a Comment