Thursday, May 14, 2020

လွတ်ငြိမ်းပြန် အချင်းချင်း ရည်းစားလုရာမှ လက်လွန်သွားတဲ့ လူသတ်မှု မုံရွာရဲက ၂၄ နာရီအတွင်း ဖော်ထုတ်နိုင်ခဲ့

Image may contain: 1 person

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ အနောက်ဘက် ချင်းတွင်းမြစ်ကြောင်း သဲသောင်ပြင်တွင် ယခုလ ၁၂ ရက်နေ့ ညနေပိုင်းက အမည်မသိ ပုတ်ပွနေသည့် အမျိုးသားတစ်ဦး ဦးခေါင်းကြေမွဒဏ်ရာများဖြင့် သေဆုံးနေသော ရုပ်အလောင်း တစ်လောင်းတွေ့ရှိခဲ့သည်။

ထို့ကြောင့် မုံရွာမြို့မရဲစခန်းမှ လူ သတ်မှုဖြင့် ယခုလ ၁၂ ရက်နေ့ညပိုင်းက အမှုဖွင့် အရေးယူခဲ့ပြီး အမှုမှန်အား ၂၄ နာရီအတွင်း စုံးစမ်းဖော် ထုတ်အရေးယူလိုက်ပြီဖြစ်ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်ထံမှ သိရသည်။
အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်မှ “ .. ရည်းစားလုရာကနေ စတဲ့ဖြစ်စဉ်ပါ ..၊ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့သူက သုံးယောက် အားလုံးက ထောင်ပြန်တွေဖြစ်တယ် .. “ ဟု ပြောသည်။
ယခုလ ၁၀ ရက်နေ့ ညပိုင်းက မုံရွာမြို့၏ အနောက်ဘက် ချင်းတွင်းမြစ် သဲသောင်ပြင်ရှိ တဲတစ်လုံးတွင် မုံရွာမြို့ မြဝတီရပ်ကွက်နေ သန်းညွှန့် (ခ) ဇော်ဝမ်း ၊ ကန်သာဦးရပ်ကွက်နေ သီဟစိုးမိုး(ခ) မွှေးနီ ၊ အောင် ဇေယျုံရပ်ကွက်နေ ကံထွန်း(ခ) အာနိုး နှင့် ရေဦးမြို့နေ မုန်တိုင်း(ခ) ရေဦးသား တို့သည် အတူတကွ အရက် သောက်စားပြီးနောက် ယင်းတဲရှိ အမျိုးသမီးနှစ်ဦး ပတ်သက်၍ ရည်းစားလုရာမှ ခိုက်ရန်ဖြစ်ပွားပြီး မုန်တိုင်း (ခ) ရေဦးသား ဆိုသူမှာ ဦးခေါင်းကြေမွဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်ရဲအရာရှိများ၏ စစ် ဆေးပေါ်ပေါက်ချက်များအရ သိရသည်။
“ … သန်းညွှန့်(ခ) ဇော်ဝမ်း ဆိုသူက သဲသောင်ပြင် လူသတ်မှုမှာ ပါဝင်ခဲ့ပြီး ဒီလ ၁၂ ရက် ည ၃ နာရီမှာ မြဝတီရပ်ကွက် နယ်မြေအမှတ် (၂၃) ရွှေညောင်ပင်လမ်းနေ ဦးဝင်းတင့် ဆိုသူရဲ့ နေအိမ်ထဲကိုဝင်ရောက်ပြီး အိမ်ရှင် ဦးဝင်းတင့်အား ကပ်ကြေးနဲ့ထိုး တုတ်နဲ့ဝင်ရိုက်ခဲ့တယ် ..ဇော်ဝမ်းက ၂၀၁၂ တုန်းက လူသတ်မှုနဲ့ ထောင်(၁၀)နှစ်ကျပြီး လွတ်ငြိမ်းပြန်နဲ့ လွတ်လာခဲ့တာဖြစ်တယ် …” မုံရွာခရိုင် မှုခင်းနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ် ညိုသက်ဝင်းမှ ပြောသည်။
အဆိုပါ လူသတ်မှုအား စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းကြည်၏ လမ်းညွှန်မှုအရ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်မှ အနီးကပ် ကြီးကြပ်ကွက်ကဲခဲ့ပြီး ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့သည် မုံရွာ မြို့မရဲစခန်းရှိ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၄ နာရီအတွင်း အမှုမှန်ဖော်ထုတ် အရေးယူနိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
Image may contain: 1 person
Image may contain: one or more people
Image may contain: one or more people and outdoor
Image may contain: one or more people, people sitting, outdoor and nature
Image may contain: one or more people, people standing and outdoor
Image may contain: one or more people, people standing, outdoor and nature

သတင်း/ဓာတ်ပုံ : ကိုတိုးကြီး #Myanmar_Online_News

0 comments:

Post a Comment