Friday, May 15, 2020

ထရမ့်က ဆက်ဆံရေး ဖြတ်တောက်မည်ဟု ပြောကြားပြီးနောက် ညှိနှိုင်းအဖြေရှာရန် တရုတ် ဆို


သမ္မတ Donald Trump အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ပြီးနောက် ကိုရိုနာ ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ညှိနှိုင်းအဖြေရှာရန် အမေရိကန်အား တောင်းဆိုလိုက်သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံနှစ်ခုအကြား ဆက်ဆံရေးသည် တင်းမာခဲ့ပြီး လူပေါင်း ၃၀၀,၀၀၀ ကျော်သေဆုံးခဲ့ရသော ဗိုင်းရပ်စ်၏ ဇစ်မြစ်ကို နှစ်ဖက်စလုံးက အပြန်အလှန် ပြစ်တင်ပြောဆိုခဲ့ကြသည်။

တရုတ် - အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရန်မှာ နှစ်နိုင်ငံစလုံး၏ ပြည်သူလူထု၏ အခြေခံ အကျိုးစီးပွား ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အထောက်အကူပြုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထရမ့်က "ကျွန်တော်တို့ လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ဆက်ဆံရေးတစ်ခုလုံးကို ဖြတ်တောက်ပစ်နိုင်ပါပြီ" ဟု ကြာသပတေးနေ့က Fox Business News နှင့် အင်တာဗျူးတစ်ခုတွင် ထရမ့်က ပြောကြားခဲ့သည်။

အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူများအကြား ဇန်နဝါရီလအတွင်း ပထမအဆင့်ကုန်သွယ်ရေး သဘောတူညီချက်အပေါ် ထားရှိသည့် ကတိကဝတ်များကို နှစ်ဖက်စလုံးမှ အလေးထား ပြောကြားခဲ့သည်။

နှစ်ဖက်ကုန်သွယ်မှု ဒေါ်လာ ဘီလီယံနှင့်ချီသော အခွန်အခများ ကောက်ခံမှုကို ဖြစ်စေခဲ့သော ကုန်သွယ်ရေးစစ်ပွဲ မတိုင်မီက တရုတ်သည် အမေရိကန်ကုန်ပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံကို ၂၀၁၇ ခုနှစ်တွင် ဝယ်ယူရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
Ref-Isee Media #Myanmar_Online_News

>>zawgyi<<

ထရမ့်က ဆက်ဆံရေး ဖြတ်တောက်မည်ဟု ပြောကြားပြီးနောက် ညှိနှိုင်းအဖြေရှာရန် တရုတ် ဆို
Friday, May 15, 2020

သမ္မတ Donald Trump အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ပြီးနောက် ကိုရိုနာ ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ညှိနှိုင်း အဖြေရှာရန် အမေရိကန်အား တောင်းဆိုလိုက်သည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံနှစ်ခုအကြား ဆက်ဆံရေးသည် တင်းမာခဲ့ပြီး လူပေါင်း ၃၀၀,၀၀၀ ကျော်သေဆုံးခဲ့ရသော ဗိုင်းရပ်စ်၏ ဇစ်မြစ်ကို နှစ်ဖက်စလုံးက အပြန်အလှန် ပြစ်တင်ပြောဆိုခဲ့ကြသည်။

တရုတ် - အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရန်မှာ နှစ်နိုင်ငံစလုံး၏ ပြည်သူလူထု၏ အခြေခံ အကျိုးစီးပွား ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အထောက်အကူပြုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထရမ့်က "ကျွန်တော်တို့ လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ဆက်ဆံရေးတစ်ခုလုံးကို ဖြတ်တောက်ပစ်နိုင်ပါပြီ" ဟု ကြာသပတေးနေ့က Fox Business News နှင့် အင်တာဗျူးတစ်ခုတွင် ထရမ့်က ပြောကြားခဲ့သည်။

အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူများအကြား ဇန်နဝါရီလအတွင်း ပထမအဆင့်ကုန်သွယ်ရေး သဘောတူညီချက်အပေါ် ထားရှိသည့် ကတိကဝတ်များကို နှစ်ဖက်စလုံးမှ အလေးထား ပြောကြားခဲ့သည်။

နှစ်ဖက်ကုန်သွယ်မှု ဒေါ်လာ ဘီလီယံနှင့်ချီသော အခွန်အခများ ကောက်ခံမှုကို ဖြစ်စေခဲ့သော ကုန်သွယ်ရေးစစ်ပွဲ မတိုင်မီက တရုတ်သည် အမေရိကန်ကုန်ပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံကို ၂၀၁၇ ခုနှစ်တွင် ဝယ်ယူရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
Ref-Isee Media #Myanmar_Online_News

0 comments:

Post a Comment