Thursday, May 7, 2020

ရန်ကုန်မြို့တော်ဝန်ကြီးကိုယ်တိုင် ကြောက်ရသည့် မင်္ဂလာတောင်ညွန့်မြို့နယ် ဈေးကြီး အစဉ်လာမပျက် စည်ကားနေဟုဆို

Image may contain: 2 people, crowd and outdoor

COVID-19 ကူးစက်ကပ်ရောဂါကြောင့် လူငါးဦးထက်မစုဝေးရန်နှင့် အပြင်သွားရင် Maskတပ်ရန်စသည့်ညွှန်ကြားချက်များကိုမလိုက်နာသည့် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းကဈေးထဲသို့ မြို့တော်ဝန်ကြီးသွားရောက်လေ့လာခဲ့ပြီးကြောက်စရာကောင်းအောင်စည်ကားနေသည်ဟုမှတ်ချက်ပြုခဲ့ရာ အဆိုပါဈေးသည် ယနေ့အထိ အစဉ်လာမပျက်စည်ကားနေဆဲဖြစ်ကြောင်း ယင်းမြို့နယ်၏တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးကပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် နှင့်သပြေကုန်းရပ်ကွက်တွင်ရှိသည့် အာသားလမ်းဘေးဈေးသည်များ စည်းကမ်းလိုက်နာမှုအားနည်းနေပြီး နေစဉ်ညနေတိုင်းကြိတ်ကြိတ်တိုးစည်ကားနေသည်ဟုဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး"လူတွေကလည်းပွဲဈေးတန်းကြီးတစ်ခုလို တစ်ယောက်နဲ့တစ်ယောက် ထိခိုက်တိုးဝှေ့ပြီးတော့သွားလာနေကြတယ်။ဒီဧရိယာမှာ ပညာပေးမှုတွေလည်းအကြိမ်ကြိမ်လုပ်တယ်။ဈေးသယ်တွေကိုလည်းနေရာပြောင်းရွှေ့ပြီးတော့ လူစုခွဲနိုင်ဖို့ကြိုးစားတယ်။သို့သော်လည်းသိပ်အဆင်မပြေဘူးပေါ့။ဈေးသည် တွေကလည်းလုပ်တဲ့အခါမှာ ကျွန်တော်တို့ကိုရန်ရှာတဲ့ အခြေအနေမျိုးကိုကြုံရတဲ့အထိဖြစ်တယ်။ဒီနေရာတွေက နည်းနည်းလေး အန္တရာယ်ကြီးမားတယ်"ဟု မင်္ဂလာတောင်ညွန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးကပြောကြားခဲ့သည်။
စည်းကမ်းလိုက်နာမှုအားနည်းရခြင်းနှင့်ပတ်သက်ပြီး"အဓိကတော့ဗျာ ဥပဒေက ပြဌာန်းထားပြီးရင် တကယ်လုပ်မှပဲရမယ်။ဒီဧရိယာမှာရှိနေတဲ့သူတွေက သက်ဆိုင်ရာကပြဌာန်းထားတဲ့ဥပဒေတွေနောက်မှာ အရေးယူဆောင်ရွက်မှုတွေ ထိထိရောက်ရောက် ထိန်းသိမ်းမှု့မရှိတာတွေကို သူတို့အကုန်လုံးကသိနေတယ်။အဲသည်အပေါ်မှာအခွင့်အရေးယူပြီးတော့ ဒီလိုမျိုးကြုံကြိုက်နေတာဖြစ်တယ်။ဒါတွေက အရေးယူဆောင်ရွက်ဖို့ဆိုရင် မြို့နယ်တစ်ခုတည်းနဲ့တော့မပြီးဘူးဗျ။တိုင်းအဆင့်ကနေပြီးတော့ သက်ဆိုင်ရာခရိုင် မြို့နယ်မှာတာဝန်ရှိသူတွေကိုတိတိကျကျ ညွှန်ကြားပြီးတော့ အရေးယူခိုင်းမှသာ ဖြစ်မယ်"ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၏ ဈေးများတွင်လည်း ယခင်အတိုင်းပင် လူစီးကားလျှက်ရှိနေသည်တွေ့မြင်နေရသည်။
Image may contain: 3 people, outdoor
Image may contain: 2 people, people eating, food and outdoor
crd-TheFifthWaveNews #Myanmar_Online_News

>>zawgyi<<
ရန်ကုန်မြို့တော်ဝန်ကြီးကိုယ်တိုင် ကြောက်ရသည့် မင်္ဂလာတောင်ညွန့်မြို့နယ် ဈေးကြီး အစဉ်လာမပျက် စည်ကားနေဟုဆို
Friday, May 8, 2020

COVID-19 ကူးစက်ကပ်ရောဂါကြောင့် လူငါးဦးထက်မစုဝေးရန်နှင့် အပြင်သွားရင် Maskတပ်ရန်စသည့်ညွှန်ကြားချက်များကိုမလိုက်နာသည့် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းကဈေးထဲသို့ မြို့တော်ဝန်ကြီးသွားရောက်လေ့လာခဲ့ပြီးကြောက်စရာကောင်းအောင်စည်ကားနေသည်ဟုမှတ်ချက်ပြုခဲ့ရာ အဆိုပါဈေးသည် ယနေ့အထိ အစဉ်လာမပျက်စည်ကားနေဆဲဖြစ်ကြောင်း ယင်းမြို့နယ်၏တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးကပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် နှင့်သပြေကုန်းရပ်ကွက်တွင်ရှိသည့် အာသားလမ်းဘေးဈေးသည်များ စည်းကမ်းလိုက်နာမှုအားနည်းနေပြီး နေစဉ်ညနေတိုင်းကြိတ်ကြိတ်တိုးစည်ကားနေသည်ဟုဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး"လူတွေကလည်းပွဲဈေးတန်းကြီးတစ်ခုလို တစ်ယောက်နဲ့တစ်ယောက် ထိခိုက်တိုးဝှေ့ပြီးတော့သွားလာနေကြတယ်။ဒီဧရိယာမှာ ပညာပေးမှုတွေလည်းအကြိမ်ကြိမ်လုပ်တယ်။ဈေးသယ်တွေကိုလည်းနေရာပြောင်းရွှေ့ပြီးတော့ လူစုခွဲနိုင်ဖို့ကြိုးစားတယ်။သို့သော်လည်းသိပ်အဆင်မပြေဘူးပေါ့။ဈေးသည် တွေကလည်းလုပ်တဲ့အခါမှာ ကျွန်တော်တို့ကိုရန်ရှာတဲ့ အခြေအနေမျိုးကိုကြုံရတဲ့အထိဖြစ်တယ်။ဒီနေရာတွေက နည်းနည်းလေး အန္တရာယ်ကြီးမားတယ်"ဟု မင်္ဂလာတောင်ညွန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးကပြောကြားခဲ့သည်။
စည်းကမ်းလိုက်နာမှုအားနည်းရခြင်းနှင့်ပတ်သက်ပြီး"အဓိကတော့ဗျာ ဥပဒေက ပြဌာန်းထားပြီးရင် တကယ်လုပ်မှပဲရမယ်။ဒီဧရိယာမှာရှိနေတဲ့သူတွေက သက်ဆိုင်ရာကပြဌာန်းထားတဲ့ဥပဒေတွေနောက်မှာ အရေးယူဆောင်ရွက်မှုတွေ ထိထိရောက်ရောက် ထိန်းသိမ်းမှု့မရှိတာတွေကို သူတို့အကုန်လုံးကသိနေတယ်။အဲသည်အပေါ်မှာအခွင့်အရေးယူပြီးတော့ ဒီလိုမျိုးကြုံကြိုက်နေတာဖြစ်တယ်။ဒါတွေက အရေးယူဆောင်ရွက်ဖို့ဆိုရင် မြို့နယ်တစ်ခုတည်းနဲ့တော့မပြီးဘူးဗျ။တိုင်းအဆင့်ကနေပြီးတော့ သက်ဆိုင်ရာခရိုင် မြို့နယ်မှာတာဝန်ရှိသူတွေကိုတိတိကျကျ ညွှန်ကြားပြီးတော့ အရေးယူခိုင်းမှသာ ဖြစ်မယ်"ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၏ ဈေးများတွင်လည်း ယခင်အတိုင်းပင် လူစီးကားလျှက်ရှိနေသည်တွေ့မြင်နေရသည်။
crd-TheFifthWaveNews #Myanmar_Online_News

0 comments:

Post a Comment