Sunday, May 10, 2020

သရက်ချောင်းမြို့နယ်တွင် သမဝါယမအသင်းစုမှ အသင်းအမှုဆောင်များနှင့်ဌာနဝန်ထမ်းများအား စားသောက်ကုန်(၃)မျိုးထောက်ပံ့ပေးအပ်

Image may contain: one or more people, people standing and food
ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး သရက် ချောင်းမြို့နယ်တွင် သမဝါယမအသင်းစုမှ အသင်းအမှုဆောင်(၁၀)ဦးနှင့်ဌာနဝန်ထမ်း(၁၁)ဦး စုစုပေါင်း(၂၁)ဦးအား စားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်ပြီး တစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ(၂)လီတာတစ်ဘူး၊ ကြက်သွန်နီ (၁) ပိဿာတို့ကို မနေ့ ညနေပိုင်းက သရက်ချောင်းမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ဆန်၊ဆီ၊ဆား စသော စားသောက်ကုန်(၃)မျိုးပေးအပ်ရာတွင် မြို့နယ်သမဝါယမ အသင်းစု ဉက္ကဌ ဦးမြင့်ဝေ က ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသင်း အမှုဆောင်နှင့်ဌာနဝန်ထမ်းများအနေဖြင့်လုပ်ငန်းများဆောင်ရွက်ရာတွင်မိသားစုအခက်အခဲမရှိစေရန် တစ်ဖက်တစ်လမ်းမှ အသင်းအနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ပြောကြားပြီးနောက် မြို့နယ်သမ ဝါယမဦးစီးဌာနမှဦးစီးအရာရှိဒေါ်ဂင်ဂင်ကြူ နှင့်သမဝါယမအသင်းစုဉက္ကဌ ဦးမြင့်ဝေတို့ကထောက်ပံ့ပစ္စည်းများအား ပေးအပ်ခဲ့ရာ အသင်းအမှု ဆောင်များနှင့် ဌာနဝန်ထမ်းများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားပေးခဲ့ ကြောင်းသိရသည်။
Image may contain: one or more people and food
Image may contain: one or more people and food
Image may contain: food
Image may contain: one or more people and food
သရက်ချောင်း(ပြန်/ဆက်)

0 comments:

Post a Comment