Friday, May 8, 2020

ဟိုင်းကြီးကျွန်းတွင် ဒေသအခေါ် ဂုံးများ ကမ်းခြေပေါ်အမြောက်အများ ရောက်ရှိနေ

Image may contain: outdoor

ဧရာဝတီတိုင်းဒေသကြီး ၊ ဟိုင်းကြီးကျွန်းမှာ ဧပြီလဆန်းပိုင်း မှာတစ်ကြိမ်၊မနေ့ကစပြီးတစ်ကြိမ် (၂)ကြိမ်တိုင် ပုံပါအတိုင်း၊ဒေသအခေါ် ဂုံးများ ကမ်းခြေပေါ်အမြောက်အများ ရောက်ရှိနေတယ်လို့ ဒေသခံတစ်ဦးမှ ပြောပြလာပါတယ်။ဘာကြောင့်ဘယ်လိုဖြစ်တယ်ဆိုတာ၊နောက်ထပ်ဘာဖြစ်နိုင်မယ်ဆိုတာ မသိနိုင်တဲ့အတွက် ရှေ့မီနောက်မီ ဒေသခံများ နဲ့ ကျွမ်းကျင်သူများမှ ဒေသခံများ ဂရုပြုနိုင်ရန် ပြောပြပေးစေလိုပါတယ်။

ယမန်နှစ်က ခရုအိုးစုပ်(မြိတ်ကျွန်းစုအခေါ်)အမြောက်အများ ငွေဆောင်အနီးအနားတဝိုက်မှာ တွေ့ရှိရပြီး၊ သိပ်မပြင်းထန်တဲ့ မုန်တိုင်းငယ်ဝင်ရောက်ခဲ့တယ်လို့လည်း သိရှိရပါတယ်။
ယခုကဲ့သို့ဖြစ်ပေါ်မှုအတွက် အရမ်းစိုးရိမ်ဖို့မဟုတ်ဘဲ၊ကြိုတင်သတိပြုနိုင်ဖို့ဖြစ်ပါတယ်။ သဘာဝအားဖြင့်တော့ပုံမှန်မဟုတ်တဲ့ သတ္တဝါတွေရဲ့အလေ့အထက သဘာဝ တရားတွေပြောင်းလဲမှုနဲ့ ဆက်စပ်နေတတ်ပါတယ်။
No photo description available.
Image may contain: one or more people, people standing, ocean, outdoor, nature and water
Image may contain: outdoor, water and nature
Image may contain: outdoor and water
Image may contain: outdoor and nature
crd-Tourism Kawthaung via- Nan Yu#Myanmar_Online_News

>>zawgyi<<
ဟိုင်းကြီးကျွန်းတွင် ဒေသအခေါ် ဂုံးများ ကမ်းခြေပေါ်အမြောက်အများ ရောက်ရှိနေ
Friday, May 8, 2020

ဧရာဝတီတိုင်းဒေသကြီး ၊ ဟိုင်းကြီးကျွန်းမှာ ဧပြီလဆန်းပိုင်း မှာတစ်ကြိမ်၊မနေ့ကစပြီးတစ်ကြိမ် (၂)ကြိမ်တိုင် ပုံပါအတိုင်း၊ဒေသအခေါ် ဂုံးများ ကမ်းခြေပေါ်အမြောက်အများ ရောက်ရှိနေတယ်လို့ ဒေသခံတစ်ဦးမှ ပြောပြလာပါတယ်။ဘာကြောင့်ဘယ်လိုဖြစ်တယ်ဆိုတာ၊နောက်ထပ်ဘာဖြစ်နိုင်မယ်ဆိုတာ မသိနိုင်တဲ့အတွက် ရှေ့မီနောက်မီ ဒေသခံများ နဲ့ ကျွမ်းကျင်သူများမှ ဒေသခံများ ဂရုပြုနိုင်ရန် ပြောပြပေးစေလိုပါတယ်။
ယမန်နှစ်က ခရုအိုးစုပ်(မြိတ်ကျွန်းစုအခေါ်)အမြောက်အများ ငွေဆောင်အနီးအနားတဝိုက်မှာ တွေ့ရှိရပြီး၊ သိပ်မပြင်းထန်တဲ့ မုန်တိုင်းငယ်ဝင်ရောက်ခဲ့တယ်လို့လည်း သိရှိရပါတယ်။
ယခုကဲ့သို့ဖြစ်ပေါ်မှုအတွက် အရမ်းစိုးရိမ်ဖို့မဟုတ်ဘဲ၊ကြိုတင်သတိပြုနိုင်ဖို့ဖြစ်ပါတယ်။ သဘာဝအားဖြင့်တော့ပုံမှန်မဟုတ်တဲ့ သတ္တဝါတွေရဲ့အလေ့အထက သဘာဝ တရားတွေပြောင်းလဲမှုနဲ့ ဆက်စပ်နေတတ်ပါတယ်။
crd-Tourism Kawthaung via- Nan Yu#Myanmar_Online_News

0 comments:

Post a Comment