Friday, May 15, 2020

ဧရာဝတီတိုင်းအတွင်းက အဝေးပြေးကားလိုင်းတွေ မေလ ၁၆ ရက်က စတင်ပြီး ပြန်လည်ပြေးဆွဲခွင့်ပြု

Image may contain: sky and outdoor

COVID – 19 ရောဂါ ကူးစက်မှုကနေ ကာကွယ်နိုင်ဖို့အတွက် ယာယီပိတ်သိမ်းထားတဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက အဝေးပြေးကားလိုင်းတွေအားလုံးကို မနက်ဖြန် မေလ ၁၆ ရက်က စတင်ပြီး ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ကြောင်း ဧရာဝတီတိုင်းဒေသကြီး COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရပါတယ်။

တိုင်းအတွင်းပြေးဆွဲတဲ့ အဝေးပြေးကားလိုင်းများ ပြန်လည်ပြေးဆွဲခွင့်ပြုသော်လည်း COVID – 19 ရောဂါ ဖြစ်ပွားတဲ့အခြေအနေအပါ် မူတည်ပြီး ကားလိုင်းတွေကို ရပ်နားခြင်း (သို့မဟုတ်) ဆက်လက်ခွင့်ပြုခြင်းတွေ ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီး COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
ဧရာဝတီတိုင်းနဲ့ အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများ ဆက်သွယ်ထားတဲ့ အဝေးပြေးယာဉ်လိုင်းများ ကိုတော့ ပြေးဆွဲခွင့် ဆက်လက်ပိတ်သိမ်းမှာဖြစ်ပြီး COVID – 19 ရောဂါဖြစ်ပွားမှုအခြေအနေအပေါ် မူတည်ပြီး ပြေးဆွဲခွင့်ကိစ္စကို ဆက်လက်ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ဧရာဝတီတိုငးဒေသကြီးအစိုးရအဖွဲ့ထံက သိရပါတယ်။
Image may contain: sky, tree and outdoor
crd-ဧရာဝတီတိုင်းမ် #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment