Sunday, May 10, 2020

မလေးရှားတွင် သွားလာလှုပ်ရှားမှုထိန်းချုပ်အမိန့် ဇွန် ၉ ရက်အထိ တိုးမြှင့်သတ်မှတ်

Image may contain: 1 person

မလေးရှားနိုင်ငံတွင် သွားလာလှုပ်ရှားမှုထိန်းချုပ်အမိန့်(Movement Control Order - MCO)ကို ဇူလိုင်လ ၉ ရက်အထိ တိုုးမြှင့်သတ်မှတ်လိုက်ကြောင်း ယင်း အမိန့်ကို စတင်ထုတ်ပြန်ခဲ့သည့် မတ်လ ၁၈ ရက်မှ စတင်၍ ၄ ကြိမ်မြောက်တိုးမြှင့်သတ်မှတ်ခြင်းဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် မူယစ်ဒသ်ယာစင်က ယနေ့ပြောကြားသည်။ အဆိုပါအမိန့်သည် မူလအတိုင်းဆိုပါက လာမည့် အင်္ဂါနေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ယနေ့ပြောကြားသော အထူးမိန့်ခွန်းတွင် ဝန်ကြီးချုပ်က မလေးရှားနိုင်ငံတွင် COVID-19 အတည်ပြုလူနာများစွာ ထပ်မံတွေ့ရှိနေသေးပြီး ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များသည် အပြည့်အဝ အောင်မြင်ခြင်းမရှိသေးကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားသည်။
”အများပြည်သူရဲ့ အမြင်တွေအပေါ် အခြေခံသုံးသပ်ခြင်းအားဖြင့် ကျွန်တော်တို့ ပြည်သူတွေဟာ ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ လိုအပ်တဲ့အဆင့်တွေကို ဆက်လက်ဆောင်ရွက်စေလိုကြတာကို ကျွန်တော် သိရပါတယ်။ ဒါကြောင့် မေလ ၁၂ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မယ့် သွားလာလှုပ်ရှားမှု ထိန်းချပ်အမိန့်ကို ဇွန်လ ၉ ရက်အထိ တိုးမြှင့်သတ်မှတ်စေဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အမျိုးသားလုံခြုံရေးကောင်စီကို ကျွန်တော် ညွှန်ကြားရခြင်းဖြစ်ပါတယ်။ ဒါဟာ နောက်ထပ် ရက်သတ္တ ၄ ပတ် ထပ်မံတိုးမြှင့် သတ်မှတ်လိုက်တာပါပဲ”ဟု သူကပြောကြားသည်။
ယင်းအမိန့်ကို မတ်လ ၁၈ ရက်နေ့က စတင်ကြေညာခဲ့ပြီးနောက် ရက်သတ္တ ၂ ပတ်စီ ထပ်မံတိုးမြှင့်လာခဲ့သည်မှာ ၃ ကြိမ်ရှိခဲ့ပြီး၊ ယခုအခါ ၄ ကြိမ်မြောက်အဖြစ် ရက်သတ္တ ၄ ပတ် ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ယင်းအမိန့်ထုတ်ပြန်ထားသော ကာလများအတွင်းဝယ် အရေးတကြီးမလိုအပ်သော စီးပွားရေးလုပ်ငန်းများနှင့် စာသင်ကျောင်းများကို ပိတ်ထားရမည်ဖြစ်ပြီး၊ ပြည်တွင်း ပြည်ပ လေကြာင်းခရီးများအားလုံးကိုလည်း တားမြစ်ထားသည်။
Ref ; Popular

0 comments:

Post a Comment