Tuesday, May 12, 2020

ပဲခူးတိုင်းဒေသကြီး၊ လက်စွပ်ကျကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကိုကို အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

No photo description available.
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ လက်စွပ်ကျကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကိုကိုသည် လက်စွပ်ကျကျေးရွာအုပ်စုအတွင်း အုတ်လုပ်ငန်းလုပ်ကိုင်သူများအား အုတ်လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိစေဘဲ ငွေကြေးရယူ၍ လုပ်ကိုင်ခွင့်ပြုခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ လက်စွပ်ကျကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကိုကိုသည် အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူများထံမှ ငွေကြေးများနှင့် အုတ်များအား ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့မရဲစခန်း တွင် ၁၁-၅-၂၀၂၀ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
Ref ; ACC Myanmar

0 comments:

Post a Comment