Sunday, May 10, 2020

ရန်ကုန်တွင် အလုပ်လုပ်နေသူ အမျိုးသမီးတစ်ဦး ပဲခူးတွင် စောင့်ကြည့်လူနာအဖြစ်ထားရှိကြောင်း အသိပေးတင်ပြခြင်း

No photo description available.
ရန်ကုန်မြို့၊ တောင်ဒဂုံစက်မှုဇုန်တွင် အလုပ်လုပ်နေသူ အသက် ၁၇-နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦးသည် ယနေ့ (၁၀-၅-၂၀၂၀)ရက်နေ့တွင် မိဘများနေထိုင်ရာ ပဲခူးမြို့၊ ကျောက်တွင်းကုန်းလမ်းဆုံသို့ ပြန်လာရာ အင်းတကော်စစ်ဆေးရေးဂိတ်တွင် အဖျားတက်နေကြောင်း တွေ့ရှိရသဖြင့် တာဝန်ရှိကျန်းမာရေးဝန် ထမ်းများက ပဲခူးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းညွှန်းပို့ပေးခဲ့ကြပါသည်၊

ပဲခူးပြည်သူ့ဆေးရုံကြီးတွင် အဆိုပါလူနာအား သမားတော်အဖွဲ့မှ စမ်းသပ်ကြည့်ရှု၍ PUI Case (စောင့်ကြည့်လူနာ) အဖြစ် သတ်မှတ်ပြီး ဓာတ်ခွဲနမူနာရယူခြင်းနှင့် စမ်းသပ်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ပြီး Isolation Unit(ကလိ)၌ ကုသစောင့်ရှောက်မှုပေးလျက်ရှိပါသည်။
လူနာ၏ လတ်တလောအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။
ဓာတ်ခွဲနမူနာအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL)၊ ရန်ကုန်မြို့သို့ သွားရောက်ပေးပို့ထားပြီး အဖြေသိရချိန်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
ပဲခူးပြည်သူ့ဆေးရုံကြီး၊ ကူးစက်လူနာကုသဆောင်(ကလိ)တွင် စောင့်ကြည့်လူနာ စုစုပေါင်း (၂)ဉီး (တစ်ဉီးမှာ COVID-19 ပိုးမတွေ့ အဖြေရရှိပြီးဖြစ်) ရှိနေပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်မရှိပါကြောင်း အသိပေး တင်ပြအပ်ပါသည်။
Source - Bago General Hospital

0 comments:

Post a Comment