Saturday, May 9, 2020

အချက်သုံးချက် စည်းကမ်းဖောက်ဖျက်သဖြင့် ဗိုလ်တထောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အရေးယူခြင်းဖြစ်ကြောင်း မုံရွာအောင်ရှင်ပြော

Image may contain: 2 people, people standing
ဗိုလ်တထောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မေစိုးသည် စည်းကမ်းချက်သုံးချက်ကိုဖောက်ဖျက်သောကြောင့် ပါတီစည်းကမ်းအရအရေးယူရခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတာ၀န်ရှိသူမုံရွာအောင်ရှင်ကပြောသည်။

လက်တလော လူမှုကွန်ရက်တွင်ဒေါ်မေစိုးကို ပါတီ၀င်အဖြစ်ကထုတ်ပယ်လိုက်သည့်စာနှင့်ပတ်သက်ပြီး "ဒေါ်မေစိုးကို ပါတီကထုတ်တယ်ဆိုတဲ့စာကတကယ်အမှန်ပါဗျ။စာအရဆိုရင် အချက်၃ချက်ရှိတယ်ဗျ။နံပတ်တစ်က ပြီးခဲ့တဲ့ဧပြီ၂၄ရက်က ရန်ကုန်တိုင်းက ဦးမောင်မောင်စိုးရဲ့တင်ပြချက်ပေါ့။နံပတ်နှစ်က ပြီးခဲ့တဲ့ဧပြီ၂၇ရက်က ကျောက်တံတားမြို့ နယ်ရဲ့ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ် တော် ကိုယ်စားလှယ် တွေရဲ့တင်ပြချက်ပေါ့။နံပတ်သုံးကဒါကို စာနဲ့အတန်တန် နှစ်ကြိမ်ပေါ့လေ သတိပေးထားတာကို ပါတီရဲ့လုပ် ထုံးလုပ်နည်း မလုပ်တဲ့အတွက်ဆိုပြီးကြောင့် အရေးယူတဲ့သဘောပါ"ဟုပြောသည်။
အဆိုပါထုတ်ပယ်သည့်စာသည်လူမှုကွန်ရက်ကစတင်ပြန့်နှံ့ခဲ့ပြီးပါတီ၀င်အဖြစ်က ထုတ်ပယ်ခြင်းခံရသည့်ပြည်သူ့လွှတ် တော်ကိုယ် စားလှယ်ဒေါ်မေစိုးကိုယ်တိုင် မည်သည့်အချက်ကြောင့်ထုတ်ပယ်ခြင်းခံရသည်ကိုမသိရှိကြောင်း၎င်း၏လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့်ဖြေရှင်းထားသည်။
No photo description available.
Image may contain: 1 person
Crd : TheFifthWave

0 comments:

Post a Comment