Wednesday, May 13, 2020

လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ဟိုပုံးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းက တီထွင်သော အလို အလျောက်လက်ဆေးစက်များ ထပ်မံလှူဒါန်း

Image may contain: one or more people, people standing and outdoor
တပ်မတော်အနေဖြင့် COVID-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက်ပါဝင်ကူညီဆောင်ရွက်လျက်ရှိရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဟိုပုံးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းက အလို အလျောက်လက်ဆေးစက် (Automatic Hand Washing Machine) ) ကို ဧပြီ ၁၀ ရက်တွင် စတင်တီထွင် ဆောင်ရွက် နိုင်ခဲ့သည်။

အဆိုပါစက်ကို ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာ နချုပ်မှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းရာ ဆေးရုံအုပ်ကြီးက လက်ခံရယူသည်။ ထို့နောက် တာဝန်ရှိသူများက Automatic Hand Washing Machine အလိုလျောက်လက်ဆေးစက် အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment