Sunday, May 10, 2020

အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(ယူအေအီး)တွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့

Image may contain: one or more people and indoor

၁။ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံတွင် လုပ်ငန်းများ ရပ်တန့် သဖြင့် အခက်အခဲများ ကြုံတွေ့နေကြရသည့် မြန်မာအလုပ်သမား များနှင့် ဒူဘိုင်းဆိပ်ကမ်းသို့ ရောက်ရှိနေသည့် မြန်မာသင်္ဘောသားများ အပါအဝင် မြန်မာနိုင်ငံသား (၁၄၈) ဦးအား Fly Dubai Airlines ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ၁၀-၅-၂၀၂၀ ရက်နေ့၊ ညနေ(၁၇:၃၀)နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။

၂။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ် ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည့် သတ်မှတ်ချက် များနှင့်အညီ သီးခြားသတ်မှတ်ပေးထားသည့် နေရာ သို့မဟုတ် သတ်မှတ် ဟိုတယ်များ၌ (၂၁)ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
၃။ ထိုသို့နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲ ကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ နိုင်ငံ များရှိ မြန်မာသံရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးမှုဖြင့် ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံနှင့် အာရပ် စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး)တို့မှ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား စုစုပေါင်း (၁၁၁၃)ဦးအား ကယ်ဆယ်ရေး လေယာဉ်များ ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် ပေးခဲ့ပြီးဖြစ်သည်။
Image may contain: one or more people
Image may contain: 1 person, indoor
Ref ; Ministry of Foreign Affairs Myanmar

0 comments:

Post a Comment