Sunday, May 10, 2020

လှေခွင်းတောင်အပန်းဖြေစခန်းတွင် လူငါးဦးနှင့်အထက် မစုဝေးရန် တားမြစ်အမိန့်ထုတ်ပြန်

Image may contain: outdoor, water and nature

နေုပြည်တော်ကောင်စီနယ်မြေ ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ လှေခွင်းတောင် အပန်းဖြေစခန်းတွင် လူအများစုဝေးအပန်းဖြေနေကြသည့်အတွက် လှေခွင်းတောင်အပန်းဖြေစခန်း အပါအဝင် ပေါင်းလောင်းမြစ်ကမ်းတလျှောက်တွင် ငါးဦးနှင့်အထက် မစုဝေးကြရန် ဒေသန္တရတားမြစ်အမိန့်ကို မေလ ၈ရက်က ထုတ်ပြန်လိုက်ကြောင်းသိရသည်။

အဆိုပါ အမိန့်ထုတ်ပြန်ထားမှုအပေါ် မသိရှိပဲလာရောက်ကြပါက အမိန့်ထုတ်ထားသည့်အကြောင်းကို ရှင်းပြပြီးစေလွှတ်ကြောင်းလည်း ဦးကြည်ထွန်းကပြောသည်။
“လှေခွင်းတောင်အပန်းဖြေစခန်းမှာ လူတွေ အများအပြား စုဝေးနေကြလို့မြို့နယ်အုပ် ချုပ်ရေးမှူး အမိန့်နဲ့နေ့ပိုင်းမှာပါ လူငါးဦးထက် မစုဝေး မစားသောက်ကြဖို့ ဒေသန္တရ အမိန့်ထုတ်ပြန်ခဲ့တာပါ" ဇေယျာသီရိမြို့နယ်၊ကျည်တောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းပြေကြားခဲ့သည်။
အဆိုပါ မှဈကမြးတဈလွှောကတြှငြ စားသောကပြွောပြါးခှငြးမပှုရ တားမှဈအမိနြ့အပှငြ လှခှငြေးတောငအြပနြးဖှစခေနြး မှဈကမြးပါးတဈလွှောကြ ဖှငြ့လှဈထားသညြ့ စားသောကဆြိုငမြွားကိုပါ ဖှငြ့လှဈရောငြးခခွှငြးမပှုရနြ သတြိပေးတားမှဈထားကှောငြး သိရသညြ။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း လာရောက် အပန်းဘဖြေသူများများပြားသည့်အတွက် ဒေသဆိုင်ရာအာ ဏာပိုင်များက လူစုခွဲတားမြစ်ခဲ့ရကြောင်းသိရသည်။
လက်ရှိတွင် နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ထားသည့် ည(၁၀)နာရီမှ နံနက်(၄)နာရီ အ တွင်း အပြင်မထွက်ရ အမိန့်အပြင် နေ့ပိုင်းတွင်ပါ လူငါးဦးနှင့် အထက်စုဝေးစားသောက်ခြင်းမပြုလုပ်ရန် အမိန့်ထုတ်ပြန်ထားကြောင်းသိရသည်။
Image may contain: outdoor
Image may contain: outdoor and water
Ref ; The Fifth Wave News

0 comments:

Post a Comment