Friday, May 15, 2020

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက သတင်းမီဒီယာများနှင့် သဘင်ပညာရှင်များအား (ဆန်၊ ဆီ၊ ဆား၊ ပဲ)များ ပေးအပ်လှူဒါန်း

Image may contain: one or more people and people standing

ကိုဗစ် - ၁၉ ကာလတွင် သတင်းမီဒီယာများနှင့် သဘင်ပညာရှင်များ စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ ပဲ စသည်တို့ကို ယနေ့နံနက် (၁၀:၀၀) နာရီတွင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ပေးအပ်လှူဒါန်းပွဲ ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ပေးအပ်လှူဒါန်းရခြင်း​အကြောင်း ပြောကြားပြီး လှူဒါန်း ပစ္စည်းများကို ပေးအပ်ရာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးအုန်းကြိုင် (ဟံသာဝတီ-ဦးအုန်းကြိုင်)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဌ ဦးဖိုးချစ် တို့က လက်ခံရယူခဲ့ပြီး ဥက္ကဌ ဦးအုန်းကြိုင်(ဟံသာဝတီ-ဦးအုန်းကြိုင်) ကကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက သတင်းမီဒီယာများအတွက် ဆန် ၄ ပြည်အိတ် (၂၀၀)အိတ်၊ ပဲ ၄၂ ကျပ်သား (၂၀၀) ထုတ်၊ ဆား ၂၅ ကျပ်သား (၂၀၀)ထုတ်၊ ဆီ ၃၀ ကျပ်သား (၂၀၀)ဗူး တို့ကို လှုဒါန်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် အဆိုပါပစ္စည်းများကို မေလ (၁၀)ရက်နေ့က သတင်းသမားများထံ လှူဒါန်းရန် ရရှိထားသည့်စာရင်းများသို့ ပေါင်းထည့်ကာ We Love Yangon ရှိရာ MCC ခန်းမတွင် ထားရှိပြီး ကိုဗစ်ကာလအတွင်း အလုပ်ရပ်နားခံထားရသည့် သတင်းသမားများ၊ လစာနည်းသတင်းသမားများ နှင့် အခက်အခဲရှိနေသည့် သတင်းသမားများလက်ဝယ်ထံ ရောက်ရှိရန် အမြန်ဆုံး ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် မေလ ၁၂ ရက်နေ့က ပထမအသုတ်စာရင်းလက်ခံရရှိသော ကိုဗစ်ကာလအတွင်း အလုပ်ရပ်နားခံထားရသည့် နယ်သတင်းသမား(၆)ဦး နှင့် ရန်ကုန်သတင်းသမား (၂၅) ဦးတို့ကို လက်ဝယ်အရောက် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။
Image may contain: one or more people and people standing
Image may contain: one or more people and people standing
Image may contain: one or more people, people sitting and indoor
Image may contain: 2 people, people sitting

Image may contain: one or more people
Image may contain: one or more people, people sitting and indoor
crd-Myanmar Press Council #Myanmar_Online_News

>>zawgyi<<
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက သတင်းမီဒီယာများနှင့် သဘင်ပညာရှင်များအား (ဆန်၊ ဆီ၊ ဆား၊ ပဲ)များ ပေးအပ်လှူဒါန်း
Friday, May 15, 2020

ကိုဗစ် - ၁၉ ကာလတွင် သတင်းမီဒီယာများနှင့် သဘင်ပညာရှင်များ စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ ပဲ စသည်တို့ကို ယနေ့နံနက် (၁၀:၀၀) နာရီတွင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ပေးအပ်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ပေးအပ်လှူဒါန်းရခြင်းအကြောင်း ပြောကြားပြီး လှူဒါန်း ပစ္စည်းများကို ပေးအပ်ရာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးအုန်းကြိုင် (ဟံသာဝတီ-ဦးအုန်းကြိုင်)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဌ ဦးဖိုးချစ် တို့က လက်ခံရယူခဲ့ပြီး ဥက္ကဌ ဦးအုန်းကြိုင်(ဟံသာဝတီ-ဦးအုန်းကြိုင်) ကကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက သတင်းမီဒီယာများအတွက် ဆန် ၄ ပြည်အိတ် (၂၀၀)အိတ်၊ပဲ ၄၂ ကျပ်သား (၂၀၀) ထုတ်၊ ဆား ၂၅ ကျပ်သား (၂၀၀)ထုတ်၊ ဆီ ၃၀ ကျပ်သား (၂၀၀)ဗူး တို့ကို လှုဒါန်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် အဆိုပါပစ္စည်းများကို မေလ (၁၀)ရက်နေ့က သတင်းသမားများထံ လှူဒါန်းရန် ရရှိထားသည့်စာရင်းများသို့ ပေါင်းထည့်ကာ We Love Yangon ရှိရာ MCC ခန်းမတွင် ထားရှိပြီး ကိုဗစ်ကာလအတွင်း အလုပ်ရပ်နားခံထားရသည့် သတင်းသမားများ၊ လစာနည်းသတင်းသမားများ နှင့် အခက်အခဲရှိနေသည့် သတင်းသမားများလက်ဝယ်ထံ ရောက်ရှိရန် အမြန်ဆုံး ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် မေလ ၁၂ ရက်နေ့က ပထမအသုတ်စာရင်းလက်ခံရရှိသော ကိုဗစ်ကာလအတွင်း အလုပ်ရပ်နားခံထားရသည့် နယ်သတင်းသမား(၆)ဦး နှင့် ရန်ကုန်သတင်းသမား (၂၅) ဦးတို့ကို လက်ဝယ်အရောက် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။
crd-Myanmar Press Council #Myanmar_Online_News

0 comments:

Post a Comment