Thursday, May 14, 2020

ကမ္ဘာဘဏ်ချေးငွေ ကန်ဒေါ်လာသန်းရ၀ကျော်ဖြင့် ရန်ကုန်၏ရေနှုတ်မြောင်းနှင့်မိလ္လာစနစ်ကိုဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ် ပြောကြား

Image may contain: 1 person, sitting

ရန်ကုန်မြို့၏ ရေနှုတ်မြောင်းနှင့် နောက်ဖေးလမ်းကြားမိလ္လာစနစ်အတွက် ကမ္ဘာဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၇၀ ကျော်သုံးမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူ့အတွက်စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက် အဖြစ်မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ မေးမြန်းခန်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အခုလိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
" မြောင်းတွေရဲ့အကျယ်အဝန်းကလည်းရန်ကုန်မြို့ပြမှာနေထိုင်တဲ့လူဦးရေနဲ့ကိုက်ညီနိုင်လောက်တဲ့ရေနှုတ်မြောင်းတွေဖြစ်အောင်ပြုပြင်ပြောင်းလဲရမှာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ရင်လည်း ကမ္ဘာဘဏ်ရဲ့ချေးငွေ အမေရိကန်ဒေါ်လာသန်း၇၀ကျော်နဲ့ ပြုပြင်ပြောင်းလဲမှုတစ်ရပ်ကိုဆောင်ရွက်နေပြီဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားခဲ့ သည်။
ပြည်သူလူထု၏လူမှုဘဝနှင့်ကျန်းမာရေးအတွက် JICA မှစီစဉ်ဆောင်ရွက်နေသော master planဖြင့်နောက်ဖေးလမ်းကြားများတွင်ရှိသည့်မိလ္လာစနစ်နှင့် ရေနှုတ်မြောင်းများအတွက် မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်သည်ဟုဆိုသည်။
လက်ရှိ ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး "ဒီနေရာမှာမိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ တို့အိမ်လိုအဖွဲ့အစည်းတွေကနေပြီးနောက်ဖေးလမ်းကြားတွေမှာပြုပြင်ပြောင်းလဲရေးမှာ ကူညီဆောင်ရွက်ပေးတာတွေရှိပါတယ်။ရန်ကုန်မြို့ရဲ့အမှိုက်တွေနဲ့ပတ်သက်ရင် Clean Yangonလိုအဖွဲ့ကနေပြီးတော့ ရန်ကုန်မြို့ရဲ့သန့်ရှင်းရေးအပိုင်းတွေမှာ ပြည်သူလူထုပူပေါင်းပါဝင်လာအောင် ကူညီဆောင်ရွက်ပေးမှုတွေရှိပါတယ်။ဒီကူညီဆောင်ရွက်ပေးမှုတွေအတွက်ကျေးဇူးတင်ပါတယ်"ဟုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Crd : PhyoMinThein #Myanmar_Online_News

0 comments:

Post a Comment