Tuesday, May 12, 2020

မကွေးမြို့ ကမ္ဘောဇဘဏ်(၁) ATM ငွေထုတ်စက် မီးလောင်မှုဖြစ်ပွား

Image may contain: one or more people, people standing and outdoor
ယနေ့ မေလ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မကွေးမြို့ အောင်ချမ်းသာရပ်ကွက်၊ ရန်မျိုးအောင်ရပ်၊ ပြည်တော်သာလမ်းနှင့် ခွာညိုလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်(၁)ATM ငွေထုတ်စက် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်(၁)ATM ငွေထုတ်စက်တွင် တပ်ဆင်ထားသော Air-Con Safe Guard အလုပ်မလုပ်ရာမှ အပူလွန်ကဲပြီး လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ 70 V Battery (၈)လုံး တန်ဖိုး ၈၀ဝ၀ဝ၊ Air-Con(၁)လုံး တန်ဖိုး ၁၀ဝ၀ဝ၀ နှင့် 220 V အင်ဗာတာ(၁)လုံး တန်ဖိုး ၃၀ဝ၀ဝ စုစုပေါင်းခန့်မှန်းတန်ဖိုး ၂၁၀ဝ၀ဝ ခန့် ဆုံးရှုံးလောင်ကျွမ်းကာ ကမ္ဘောဇဘဏ်(၁)၏ မန်နေဂျာအား မကွေးမြို့ အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Image may contain: one or more people, people standing and outdoor
Image may contain: one or more people and people standing
Image may contain: one or more people, people on stage, people standing and outdoor

0 comments:

Post a Comment