Tuesday, May 12, 2020

AIR KBZ မှ ကျန်းမာရေးနိုင်ငံ့ဝန်ထမ်းများကိုကျေးဇူးတင်ဂုဏ်ပြုသောအားဖြင့် လေယာဉ်လက်မှတ်များအား ၃၀ ရာခိုင်နှုန်း ဈေးလျှော့ရောင်းချပေး

No photo description available.

Air KBZမှ မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအားလုံးကို လေယာဉ်လက်မှတ်ခများ ၃၀ရာခိုင်နှုန်း ဈေးလျှော့ပေးမည်ဖြစ်ကြောင်း အဲကမ္ဘောဇလေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။

အဲကမ္ဘောဇလေကြောင်းလိုင်းမှ ပြေးဆွဲနေသည့် ပြည်တွင်းခရီးစဉ်များအာလုံးအတွက် အဆိုပါ အစီစဉ်မှာ အကျုံးဝင်မည်ဖြစ်ပြီး အခွန်အခများ မပါဝင်သည့် မူရင်းလက်မှတ်ဈေးနှုန်း ( on base fare)အပေါ်တွင် အခြေခံ၍ ဈေးလျှော့ပေးခြင်း ဖြစ်သည်။
“ အခွန်အခတွေမပါတဲ့ မူရင်းဈေးနှုန်းအတိုင်းလျှော့ပေးထားတာမို့ အခုအစီစဉ်မှာ ဈေးတော်တော် လျှော့ပေးတာဖြစ်တယ်။ ဘယ်ကိစ္စ ပဲဖြစ်ဖြစ် ပြည်တွင်းခရီးစဉ်တွေ သွားမယ်ဆိုရင် ဝန်ထမ်းကတ်ပါတာနဲ့ အဆင်ပြေတယ်။ လက်ရှိ အချိန်မှာ ခရီးသွားဖို့ မဖြစ်နိုင်ရင်တောင် လက်မှတ်က စက်တင်ဘာထိမို့ ပြန်ဖွင့်တဲ့ ကာလတွေအထိ သွားလို့ရတယ် ” ဟု အဲကမ္ဘောဇ လေကြောင်းလိုင်း Public Relations Teamမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ကျန်းမာရေးဝန်ထမ်းများအတွက် လေယာဉ်လက်မှတ်ခ ဈေးလျှော့သည့်အစီအစဉ်သည် မေလ ၁၂ရက်မှ စက်တင်ဘာ ၃၀ရက်အထိအကျုံးဝင်မည်ဖြစ်ပြီး လေယာဉ်လက်မှတ်များကို အဲကမ္ဘောဇ ရုံးချုပ်၊ လေဆိပ်နှင့် လက်မှတ် အရောင်းကောင်တာများတွင်သာ တိုက်ရိုက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဲကမ္ဘောဇလေကြောင်းလိုင်းသည် လက်ရှိတွင် မဖြစ်မနေခရီးသွားရန် လိုအပ်သူများအတွက် ပြည်တွင်းခရီးစဉ်ဖြစ်သည့် စစ်တွေ၊ ထားဝယ်၊ ဟဲဟိုး၊ ခန္တီး၊ ကျိုင်းတုံ၊ ကျောက်ဖြူ၊ လားရှိုး၊မန္တလေး၊ မြိတ်၊ မြစ်ကြီးနား၊ တာချီလိတ် စသည့်မြို့များသို့ သက်မှတ်ရက်များအလိုက် မေ ၁ရက်မှ ၁၇ ရက်အထိ ခရီးစဉ်များပြေးဆွဲနေခြင်းဖြစ်သည်။
မြန်မာအမျိုးသားလေကြာင်းလိုင်း MNA သည် ပြည်ပခရီးစဉ်များကို မေ ၁၅ ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ပြီး ပြည်တွင်း ပုံမှန်ခရီးစဉ်များကို မေ ၁ ရက်မှစပြီး ပုံမှန်အတိုင်းပြန်လည်ပြေး ဆွဲလျက်ရှိသည်။
ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် ရွှေမြန်မာလေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်းတို့သည် မေ ၁၅ ရက် အထိ ခရီးစဉ်များကို ရပ်ဆိုင်းထားကြောင်းကြေညာထားပြီး အဲသံလွင်လေကြောင်းလိုင်းက မေ၂၉ ရက်အထိ ခရီးစဉ်များ ရပ်နားထားသည်ဟု ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပျံ့နှံမှုကို ထိန်းချုပ်ရန် အပြည်ပြည်ဆိုင်ရာလေကြောင်းပျံသန်းပြေးဆွဲမှုများကို မတ် ၃၀ ရက်မှ စပြီး မေ ၁၅ ရက်အထိ ရပ်ဆိုင်းထားကြောင်း ပျံသန်းပြေးဆွဲးခြင်းများကို ထပ်တိုး ထုတ်ပြန်ထားသည်။
လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ပြန်လည်ဆင်းသက်ခွင့်ပြုရန် လတ်တလောမဆုံးဖြတ်ရသေးကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားထားသည်။
Image may contain: sky, airplane, cloud and outdoor
Crd : AIR KBZ #Myanmar_Online_News

0 comments:

Post a Comment