Monday, May 11, 2020

AA အကြမ်းဖက်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများ၏ အဆောက်အဦ၊ ပစ္စည်းများအား အကြောင်းမဲ့ ဖျက်ဆီး

Image may contain: outdoor

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာအနီး ရန်ကုန်- ကျောက်ဖြူသွားကားလမ်း၊ မိုင်တိုင်အမှတ်၊ ၁၀၈/၁၀၉ အကြား ကားလမ်း၏တောင်ဘက် ပေ ၁၀၀ ခန့်အကွာရှိ ဏှဃ စက်ယန္တရားကုမ္ပဏီပိုင် အဆောက်အဦအား AA အကြမ်းဖက် သောင်းကျန်းသူများက မေ ၈ ရက် ညပိုင်းတွင် မိုင်းဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရဲစခန်းသို့ ၎င်းအဆောက်အဦ၏ အစောင့်ဖြစ်သူ ဦးဌေးမြင့်(ဘ)ဦးဘသန်းက မေ ၈ ရက် ည ၉ နာရီခွဲခန့်တွင် ဖုန်းဆက် အကြောင်းကြားလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ PSC စက်ယန္တရားကုမ္ပဏီပိုင် အဆောက်အဦ၏ ရှေ့မျက်နှာစာညာဘက်အခြမ်းတွင် ကာထားသည့်အထပ်သားများ၊ ပြူတင်းပေါက်မှန်များ ပေါက်ကွဲပျက်စီးနေသည်ကို တွေ့ရှိရ ပြီး အနီးဝန်းကျင်တစ်ဝိုက်မှ ပါဝါဓာတ်ခဲအပြာရောင် ၂ လုံး၊Dianwei ဓာတ်ခဲအနီရောင် ၁ လုံးနှင့် ကွန်ကျူပိုက်အပိုင်းအစများအား တွေ့ရှိခဲ့သည်။
အဆိုပါ PSC စက်ယန္တရားကုမ္ပဏီပိုင် အဆောက်အဦမှာ ၂၀၁၁ ခုနှစ်တွင် ဂုံချွိန်-ကျောက်ဖြူ လမ်းခင်းသည့်လုပ်ငန်းဆောင်ရွက်စဉ် စက်ယန္တရားများထားရှိရန် ယာယီ ဆောက်လုပ်ခဲ့သည့် အဆောက်အဦဖြစ်ကြောင်းနှင့် လက်ရှိတွင် လူနေထိုင်ခြင်းမရှိကြောင်း သိရှိရသည်။
အလားတူ ချင်းပြည်နယ်၊ ပလက်ဝမြို့၏အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာ တောင်ကုန်းပေါ်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရုပ်သံထပ်ဆင့်လွှင့် တာဝါတိုင်အား မေ ၇ ရက် ည ၁၀ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက ဖြိုချဖျက်ဆီးသွားခဲ့သည်။
AAအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးပျက်ပြားစေရန်ရည်ရွယ်၍ မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ယခုကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည့် အဖွဲ့အစည်းများ၏ အဆောက်အဦ၊ ပစ္စည်းများကိုပါ အကြောင်းမဲ့နှောင့်ယှက် ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
No photo description available.
Ref-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment