Wednesday, May 13, 2020

AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား မထောက်ခံသော စာများရေးသားသည့် စာရေးဆရာ ကျော်လင်း(ရောင်စုံ) စစ်တွေတွင် ဂျင်ကလိဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိ

Image may contain: one or more people and people sitting

မနေ့ က မေလ ၁၃ ရက်နေ့ ညနေ ၇ နာရီခွဲကျော်ခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စာရေးဆရာ ကျော်လင်း(ရောင်စုံ) ဂျင်ကလိဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

နေအိမ်ရှေ့တွင် ဖုန်းပြောနေစဉ်အတွင်း ဆိုင်ကယ်ပေါ်မှ လူနှစ်ဦးက လာရောက်ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ဂျင်ဂလိမှာ ရင်ညွန့်တွင် ထိမှန်ပြီး ဒဏ်ရာရသွားခဲ့ကြောင်း၊ ရည်ရွယ်ချက်ရှိရှိလာပစ်ခြင်းဖြစ်ကြောင်း ပစ်ခတ်ခံရသည့် စာရေးဆရာ ကျော်လင်းက ပြောသည်။
“ မိတ်ဆွေတစ်ယောက်နဲ့ ဖုန်းပြောနေတုန်း ဆိုင်ကယ်ပေါ်က လူနှစ်ယောက်ကလာပစ်တာ။ နောက်က တစ်ယောက် အရပ်မြင့်မြင့် ခန္ဓာဝဝနဲ့ ရှေ့ကတစ်ယောက်ကိုတော့ မှန်းလို့မရလိုက်ဘူး။ စူးက ကျနော့် ရင်ဝမှာ ကျတယ်။ မတော်တဆဖြစ်သွားတာမဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိလာပစ်တာ” ဟု ၎င်းက ပြောသည်။
မည်သူနှင့်မှရန်ဖြစ်ခြင်းမရှိသည့်တွက် ရန်ငိုးရန်စဖြင့် လာရောက်ပစ်ခတ်ခြင်း မဟုတ်ဘဲ AA အဖွဲ့အားမထောက်ခံဘဲ ဆန့်ကျင်ခဲ့သောကြောင့် နှင့် Facebookပေါ်မှ ၎င်းအဖွဲ့အား ဝေဖန်သည့် စာပေများရေးဖော်ပြသောကြောင့် လာရောက် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟုလည်း ၎င်းကဆက်ပြောခဲ့သည်။
လက်ရှိတွင် စာရေးဆရာ ကျော်လင်းမှာ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီ ဒဏ်ရာ အခြေအနေမှာ စိုးရိမ်စရာ မရှိကြောင်း သိရသည်။
စာရေးဆရာကျော်လင်းသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း ယခုကဲ့သို့ လူမှုစာမျက်နှာ ပေါ်တွင် ဝေဖန်ရေး စာပေများ ရေးသားဖော်ပြသည့်အတွက် ဓားဖြင့်အထိုးခံခဲ့ရပြီး တရားခံ ပေါ်ပေါက်မှုမရှိခဲ့ကြောင်း သိရသည်။
Crd ; May Yu Nadi #Myanmar_Online_News

0 comments:

Post a Comment